News စစ်ကောင်စီက စစ်ရှောင်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်လာ၍ ပြည်သူများပိုသတိရှိကြရန် KNPP စစ်ဦးစီးချုပ်တိုက်တွန်း စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၇ရက်တွင် ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင်သုံးဦး သေဆုံးခဲ့ရာယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး KNPP လက်အောက်ခံတပ် ဖြစ်သည့် KA စစ်ဦးစီးချုပ်က ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 17, 2022
News စစ်ရှောင်များအားတိုက်ခိုက်ခြင်းအပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများရပ်တန့်ရေး နိုင်ငံတကာမှ အမြန်အရေးယူရန် ဒီးမော့ဆို PDF တောင်းဆို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ချင်းဒေသများရှိ ဒေသခံပြည်သူအရပ်သားများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရသည်။ LuduNwayOoဇန်နဝါရီ 17, 2022
News ပြည်ကြီးတံခွန် (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ သေဆုံးမှုရှိ ပြည်ကြီးတံခွန်မြို့နယ် လမ်း(၁၃၀)စျေးအနီးရှိ (ဆ)ရပ်ကွက်အုပ်ချုပ်ရုံးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ROM က ဆိုသည်။ LuduNwayOoဇန်နဝါရီ 17, 2022
News အရာတော်နယ် ငွေတွင်းရွာမှ ထွက်ရှိသော သီးနှံတစ်ဝက်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က အခွန်ကောက်ယူနေ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှထွက်ရှိသော ကောက်ပဲသီးနှံ တစ်ဝက်ကို အခွန်အခအဖြစ် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ပျူစောထီးတို့က ဓားပြတိုက်သိမ်းယူနေကြောင်း ဒေသခံမဟာမိတ်တပ်ပေါင်းစုက ယနေ့(ဇန်နဝါရီ ၁၇ ရက်)တွင် ထုတ်ပြန် သည်။ LuduNwayOoဇန်နဝါရီ 17, 2022
News ရှိမာကျိုက်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရမှုရှိဟု MNDAAထုတ်ပြန် ဇန်နဝါရီ ၁၅ရက်က အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်သည် ရှိမာကျိုက်ဒေသရှိ MNDAAတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ၂နာရီခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 17, 2022
News ကလေးမြို့မှစိတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီတပ်ကပစ်သတ် ဆွံ့အနေသောကြောင့် ရွှေအ ဟုဒေသခံများကချစ်စနိုးခေါ်သည့် စိတ်ဝေဒနာရှင်အမျိုးသားကို ကလေးမြို့ လျှပ်စစ်ရုံးအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၅ရက်၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 17, 2022
News ဘုတလင်မြို့မှ စစ်ကောင်စီတပ်စွဲထားသော ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် ထွေအုပ်ရုံးအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေ့ရက်နှင့်အချိန်အား ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ (နာရွဲ့ဆွမ်)ထံ People's Springကဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။ LuduNwayOoဇန်နဝါရီ 17, 2022
News တီးတိန်နှင့်ချင်းပြည်နယ်မြောက်ပိုင်းဒေသများ ရိက္ခာစုဆောင်းထားရန်၊ ကုန်သည်များဈေးတင်မရောင်းရန် ဒေသခံကာကွယ်ရေးတပ်များသတိပေး တိုက်ပွဲများမှာ ကလေးမြို့မှ တီးတိန်၊တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် ကလေး-သိုင်းငင်းလမ်းမပေါ် ရှိ၊ထေးဇန်ကျေးရွာနှင့် ဟိန်ဇိန်ကျေးရွာအနီးဖြစ်ပွားနေခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 17, 2022
News ပုလဲနယ်က ကျေးရွာများကို စစ်ကောင်စီတပ်စီးနင်းပစ်ခတ်၊ ဒေသခံပြည်သူအချို့ ဒဏ်ရာရ လက်ရှိတွင် ကြောင်ဝင်ဒူးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်စွဲနေသည့်အတွက် ရွာခံအားလုံးထွက်ပြေးခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။ LuduNwayOoဇန်နဝါရီ 17, 2022
News မန္တလေး အိုးဘိုထောင် ဗုံးပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ အိုးဘိုထောင်ရဲ့မြောက်ဘက်ခြမ်း ဂိတ်နေရာကို မနေ့က ဇန်နဝါရီလ ၁၆ ရက် ည ၆ နာရီခွဲလောက်မှာ ဗုံးနဲ့လာပစ်သွားတာပါ။ LuduNwayOoဇန်နဝါရီ 17, 2022