Connect with us

Hi, what are you looking for?

News

ပခုက္ကူတွင် ကျောင်းသားလူငယ်လေးဦးနှင့် ပြည်သူတစ်ဦး မတရားဖမ်းဆီးခံရ

ယမန်နေ့(မတ် ၄)နေ့လယ်ပိုင်းက ပခုက္ကူမြို့ မြို့ရှောင်လမ်းစစ်ဆေးရေးဂိတ်ရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က ဆိုင်ကယ်စီးလာသော ကိုလင်းဆက်အောင်နှင့် လူငယ်တစ်ဦးကို တားဆီးစစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

မ​ကွေးတိုင်း ပခုက္ကူမြို့တွင် ကျောင်းသားလေးဦးနှင့် ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း ပခုက္ကူနည်ပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ယနေ့ (မတ် ၅)ထုတ်ပြန် သည်။

ယမန်နေ့(မတ် ၄)နေ့လယ်ပိုင်းက ပခုက္ကူမြို့ မြို့ရှောင်လမ်းစစ်ဆေးရေးဂိတ်ရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က ဆိုင်ကယ်စီးလာသော ကိုလင်းဆက်အောင်နှင့် လူငယ်တစ်ဦးကို တားဆီးစစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ထို့နောက် ကိုလက်ဆက်အောင်၏ အခြားသူငယ်ချင်းနှစ်ဦးထံ ဟန်ဆောင်ဖုန်းဆက်ပြီး နေရာမေးရာ 7Stars စားဖွယ်စုံဆိုင်တွင် ရှိနေကြောင်းသိသွားပြီး ယင်းဆိုင်သို့ ဝင်ရောက်ဖမ်းဆီးသွားသည် ထုတ်ပြန်ချက်က ဆိုသည်။

စစ်အုပ်စုအ​နေဖြင့် အပြစ်မဲ့ပြည်သူများနှင့် ​ကျောင်းသားလူငယ်များအ​ပေါ် ​နေ့စဥ်ရက်ဆက် မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေပြီး ကိုလင်းဆက်အောင်အပါအဝင် ဖမ်းဆီးခံရသူငါးဦးအား မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသေးကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။