● ဦးခင်မောင်အေးနှင့်ဦးသိန်းထွန်းတို့ပိုင်သော Golden Myanmar Airline၊ ဦးသိန်းဝင်းဇော်ပိုင်ဆိုင်သော ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် ဦးအောင်ကိုဝင်း၏KBZ အုပ်စုနှင့် ထိုင်းPTTတို့ပူးပေါင်းလုပ်ကိုင်သော Brighter ကုမ္ပဏီတို့ဖြစ်
အပြစ်မဲ့ပြည်သူများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ရန် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် လေဆီတင်သွင်းရာတွင် ကူညီပါဝင်ဆောင်ရွက်ပေးနေသော ကုမ္ပဏီ သုံးခုကို ၏အမည်စာရင်းကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့ (မတ် ၄ရက်)ညတွင် ထပ်မံထုတ်ပြန်ကြေညာလိုက်သည်။


ထိုကုမ္ပဏီများသည် Golden Myanmar Airline ကုမ္ပဏီ၊ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် Brighter Companyတို့ဖြစ်သည်ဟု NUG ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Golden Myanmar Airline ကုမ္ပဏီသည် CB ဘဏ်ပိုင်ရှင် ဦးခင်မောင်အေး နှင့် ထွန်းကော်မာရှယ်ဘဏ် ပိုင်ရှင် ဦးသိန်းထွန်းတို့က တည်ထောင်ထားခြင်းဖြစ်သည်။ GMA ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ အုပ်ချုပ်ရေးညွှန်ကြားမှုဦးစီးဌာန DICA ထံမှ လေယာဉ်ဆီရောင်းချရန် ခွင့်ပြုမိန့်ကို ၂၀၁၉ ဧပြီ၅ ရက်က ရရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုကို စစ်တပ်နှင့်နီးစပ်သည့်အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော်ဆို သူကပိုင်ဆိုင်ထားသည်။ ၎င်းသည် တယ်လီနောမြန်မာ မိုဘိုင်းအော်ပရေတာကုမ္ပဏီကိုဝယ်ယူရန်ကြိုးစားနေသည့်ကုမ္ပဏီတစ်ခုလည်ဖြစ်သည်။

ဦးသိန်းဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းတို့သည် ကမ္ဘာ့ရတနာ ဘဏ်နှင့် သတ္တုတွင်းဖွံ့ဖြိုးရေးဘဏ်တို့တွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည်ဟု လည်းသိရသည်။ရွှေဗျိုင်းဖြူကုမ္ပဏီသည် ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းမှ ကျောထောက်နောက်ခံ ပေးထားသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်သည် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် မဟာရိုးမအများပိုင်ကုမ္ပဏီတွင်လည်း ဒါရိုက်တာအဖြစ်ပါဝင်သည်။
Brighter Energy ကုမ္ပဏီသည် ဦးအောင်ကိုဝင်း၏KBZကုမ္ပဏီအုပ်စုနှင့် ထိုင်းPTTကုမ္ပဏီတို့က ပူးပေါင်းပိုင်ဆိုင်ထားခြင်းဖြစ်သည်။၎င်းကုမ္ပဏီသည် သီလဝါတွင် ဆီလှောင်ကန်၊ LNG သို့လှောင်များအပါအဝင် ဆိပ်ကမ်းတစ်ခုကို ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှပ်နှံခဲ့ခြင်းဖြစ်သည်။
ထိုဆိပ်ကမ်းကို ကာကွယ်ရေးဝန်ကြီးဌာနထံမှ KBZကBOT(တည်ဆောက်၊လုပ်ကိုင်၊ လွှဲပြောင်း)စနစ်ဖြင့် နှစ် ၅၀ စာ မြေဧက ၁၆၈.၅ ကိုငှားရမ်းခဲ့သည်။ ၂၀၁၉တွင် PTTက BEC၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။

Golden Myanmar Airline ကုမ္ပဏီ၊ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် Brighter Companyတို့သည် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းရန် ကူညီပါဝင်ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီများဖြစ်ကြောင်း NUG စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ ထပ်မံစီစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၄ ရက်ကလည်း NUGက Asia World ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီ Yangon Aerodrome ၊စင်ကာပူအခြေစိုက် PUMA Energy၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ Asia Sun နှင့် မြတ်မေတ္တာမွန်ကုမ္ပဏီအုပ်စုတို့ကို စစ်ကောင်စီအတွက်လေယာဥ်တင်သွင်းပေးနေသောကြောင့် အမည်ပျက်စာရင်းသွင်းကြောင်းပထမအကြိမ် ကြေညာပြီးနောက် ယခုစာရင်းကိုနောက်ဆက်တွဲထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

အထက်ပါကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများနှင့်ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ Business to Business ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း အလျဉ်းမပြုလုပ်ကြရန် NUGက သတိပေးထားသည်။ ထိုလုပ်ရပ်များကိုလည်း အကြမ်းဖက်မှုစစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်ကြောင်းလည်းပါရှိသည်။
အရပ်သားများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းသည် စစ်ရေးလက္ခဏာ မဟုတ်ဘဲ နိုင်ငံတကာစစ်ဥပဒေများနှင့် လက်နက်ကိုင်စစ်ရာဇဝတ်မူများကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်သည် ဟုလည်း NUGကထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့အထိ့နာပါက အရပ်သားပြည်သူများကိုပင် လေကြောင်းမှ တိုက်ခိုက်လျှက်ရှိပြီး ကရင်နီပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့တွင် လေကြောင်းတိုက်မှုများပြုလုပ်နေသည်
