Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်တပ်ရိက္ခာသယ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး ကားနှစ်စီးပျက်စီး

ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများ ၊ပကဖ အဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် နေအိမ်အချို့ အထိ အခိုက်ရှိပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း အငိပေးထားသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လာသော စစ်ကောင်စီတပ်၏ ရိက္ခာသယ်ယာဥ်တန်းကို ရှစ်နေရာထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Tigyaing Revolution – TR က ယနေ့(မတ် ၅) ထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်း ၁၂ နာရီ ၆မိနစ်ခန့်တွင်သပိတ်ကျင်းမြို့နယ်မှ ထွက်လာသော အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးတပ် ရိက္ခာကားအစီး(၃၀)ကို မောင်းကုန်းအထွက်တွင်(၁)ကြိမ် ၊ နံနက် ၁ နာရီ ၄၆ မိနစ်မှစ၍ နေရာရှစ်နေရာခွဲပြီး ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုများကို ကျက်သရေချောင်း ၊ကွင်းကြီး၊ဆားတွင်း ၊အလယ်တော ၊အင်းတိန်၊ဇီးဖြူကျင်း ၊ဘိုတဲကုန်း အနီးတဝိုက်တို့တွင် မိုင်းအလုံး(၃၀)ကျော်၊၄၀ မမများဖြင့် အနည်းဆုံး နေရာရှစ်ခုတွင် ပစ်ခတ်ဖောက်ခွဲခဲ့ရာ ကားနှစ်စီးထက်မနည်းပျက်စီးပြီး သေဆုံးထိခိုက် ဒဏ် ရာရသူများများပြားနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများ ၊ပကဖ အဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် နေအိမ်အချို့ အထိ အခိုက်ရှိပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း အငိပေးထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၄ ရက် နံနက် ၁၁ နာရီခန့်ကလည်းထီးချိုင့်မြို့အထွက် တွင်ထောင်ထားသော မိုင်းနှစ်လုံးကို စစ်ကောင်စီတပ်များ ရှာတွေ့ကာ လာဖြုတ်ချိန်တွင် မိုင်းခွဲလိုက်သဖြင့် စစ်သားနှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။