Connect with us

Hi, what are you looking for?

News

မတ္တရာနယ်တွင် စစ်ကောင်စီတပ်က နေအိမ်အချို့ကို ထပ်မံမီးရှို့ဖျက်ဆီး၊ ပြည်သူရှစ်ဦးထက်မနည်းကိုလည်း ဖမ်းဆီး

ကင်းရွာတွင် မီးရှို့ခံရသည့် နေအိမ်များမှာ ကိုကျော်ဇင်ဦးနေအိမ်၊ ဦးချစ်ဟန်နေအိမ်၊ ကိုနေအောင်နေအိမ်နှင့် ကိုအောင်ကို၏ နေအိမ်တို့ ဖြစ်ပြီး အချို့အိမ်များကိုမူ နေအိမ်တွးင်းရှိ ပစ္စည်းများ ဖျက်ဆီးသွားသည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် သဖန်းကိုင်းရွာနှင့် ကင်း​ကျေးရွာမှ နေအိမ်အချို့ကို ထပ်မံမီးရှို့ခဲ့ပြီး ပြည်သူ ရှစ်ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း မတ္တရာဒေသခံတစ်ဦးက သတင်းပေးပို့သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက သဖန်းကိုင်းရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ ယမန်နေ့ မတ်လ ၄ရက်တွင် ဒေသခံ ကာကွယ်ရေးတပ်က ကင်းရွာနှင့် ကျောက်ဆည်လေး​ကျေးရွာအကြား မိုင်းခွဲတိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။

ယနေ့တွင် သဖန်းကိုင်းရွာမှ နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး ကင်းရွာမှ နေအိမ် ​လေးလုံးကို စစ်ကောင်စီတပ် မီးရှို့ခဲ့ကြောင်း မတ္တရာဒေသခံက ပြောသည်။

“ကင်းရွာမှာ လူ ၈ယောက် အဖမ်းခံရတယ်။ အဖမ်းခံရတဲ့သူတွေက ကိုလင်းကြည်။ နောက် မသန္တာ၊ ပြီးတော့ သူ့ယောက်ကျား၊ နောက် သူတို့ရဲ့ သမီးလေးတစ်ယောက် သားလေး နှစ်ယောက်။ အငယ်ဆုံးသားလေးက ငါးလ သားပဲရှိသေးတယ်။ မိသားစု တစ်ခုလုံးကို ဖမ်းတယ်။ ပြီးတော့ သူ့ စျေးဆိုင်အလုပ်သမား ကောင်မလေးတစ်ယောက်အဖမ်းခံရတယ်။ မသန္တရာရဲ့ တူတစ်ယောက် အဖမ်းခံရတယ်။ တစ်အိမ်တည်း တစ်မိသားစုထဲကို ၈ယောက်ပေါ့” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကင်းရွာတွင် မီးရှို့ခံရသည့် နေအိမ်များမှာ ကိုကျော်ဇင်ဦးနေအိမ်၊ ဦးချစ်ဟန်နေအိမ်၊ ကိုနေအောင်နေအိမ်နှင့် ကိုအောင်ကို၏ နေအိမ်တို့ ဖြစ်ပြီး အချို့အိမ်များကိုမူ နေအိမ်တွးင်းရှိ ပစ္စည်းများ ဖျက်ဆီးသွားသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။