Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ​လေးကြိမ်ဖြစ်ဟု MNDAA ထုတ်ပြန်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိဟုဆို

စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း (၃၁၅၊ ၁၅၊ ၄၂၀)နှင့် စကခ ၁၂ လက်အောက်ခံ တပ်ရင်း(၂၈၇)အင်အားစုတို့သည် အထူးဒေသ(၁)၊ မုံးကိုး ခရိုင်ရှိ MNDAA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာ ယခုအပတ်တွင် တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ ယခုတစ်ပတ်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ၂၈ရက်တွင် စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း ယင်းည၌ပင် MNDAA ကို ထိုးစစ်ဆင် တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း (၃၁၅၊ ၁၅၊ ၄၂၀)နှင့် စကခ ၁၂ လက်အောက်ခံ တပ်ရင်း(၂၈၇)အင်အားစုတို့သည် အထူးဒေသ(၁)၊ မုံးကိုး ခရိုင်ရှိ MNDAA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာ ယခုအပတ်တွင် တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

မတ်လ ၃ ရက်တွင် စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက်ခံ တပ်ရင်း(၁၀၉)မှ အင်အား၆၀ကျော် သည် မုံးကိုးဒေသ ပန်ဆာရွာအနီးသို့ဝင်ရောက်လာပြီး ၎င်းဒေသ၌ အခြေစိုက်လျက်ရှိသော MNDAA နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် MNDAAမှ ဦးစွာ ဆုတ်ခွာခဲ့ကြောင်း၊ စစ်ကောင်စီမှတစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။