Connect with us

Hi, what are you looking for?

News

ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် ဝန်ထမ်းများ အမြန်နှုတ်ထွက်ကြရန် အုတ်ဖို PDF သတိ​ပေး

ဖေဖော်ဝါရီအတွင်းက အုတ်ဖိုမြို့နယ် တရားရုံးအားဗုံးဖောက်ခွဲမှု၊ မတ်လ ၄ရက်က အုတ်ဖိုမြို့နယ် စည်ပင်ဥက္ကဋ္ဌအား ရှင်းလင်းခဲ့မှုတို့ကို အုတ်ဖို PDF က အသိပေး ကြေညာစဉ် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

■စစ်​ကောင်စီခန့်မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌကိုရှင်းလင်း

အကြမ်းဖက်စစ်တပ်မှ ခန့်အပ်တာဝန်ပေးထားသော ရပ်ကွက် နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအပါအဝင် ဝန်ထမ်းများ လက်ရှိအလုပ်မှ အမြန်ဆုံးနှုတ်ထွက်ကြရန် အသိပေးကြေညာလိုက်ကြောင်း ပဲခူးတိုင်းရှိ အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ထုတ်ပြန်ကြေညာလိုက်သည်။

ဖေဖော်ဝါရီအတွင်းက အုတ်ဖိုမြို့နယ် တရားရုံးအားဗုံးဖောက်ခွဲမှု၊ မတ်လ ၄ရက်က အုတ်ဖိုမြို့နယ် စည်ပင်ဥက္ကဋ္ဌအား ရှင်းလင်းခဲ့မှုတို့ကို အုတ်ဖို PDF က အသိပေး ကြေညာစဉ် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီမှ တာဝန်ပေးခန့်အပ်ထားသည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်သူ ခင်မောင်ဝင်းသည် အပြစ်မဲ့ ပြည်သူများအားအနိုင်ကျင့် ဒုက္ခပေးခြင်း၊အခွန်များ အဆမတန်တိုးမြှင့်ကောက် ခံ၍စစ်အာဏာရှင်အား ထောက်ပံ့ခြင်း၊ CDM ဝန်ထမ်းများအား အလုပ်ပြန်လည်ဝင်ရောက်ရန် အတင်းအကြပ်ဖိအားပေးခိုင်းစေခြင်းတို့ ကြောင့် မတ်လ ၄ရက်တွင် အုတ်ဖို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှင်းလင်းခဲ့သည်ဟု အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အုတ်ဖိုမြို့နယ်တွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးစစ်ဆေးပြီး တရားစွဲခံရသူများအား စစ်အာဏာရှင်အလိုကျထောင်ချပေးနေသည့်အုတ်ဖိုမြို့နယ် တရားရုံးအား ဖေဖော်ဝါရီ ၂၁ရက်က ဗုံးဖောက်ခွဲ၍ နောက်ဆုံးအကြိမ်သတိပေးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်အား ကူညီပံ့ပိုးခြင်း၊မြို့နယ်အတွင်းရှိ ပြည်သူများအား အနိုင်ကျင့် ဒုက္ခပေးခြင်းများပြုလုပ်ပါက ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း အုတ်ဖို PDFက ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။