Connect with us

Hi, what are you looking for?

News

အင်းတော်နယ်တွင် KIA/PDF ပူးပေါင်းတပ် တိုက်ခိုက် ၍ စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဟုဆို

ထီးချိုင့်မြို့နယ်ဘက်မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ မတ်လ ၅ရက် နံနက်ပိုင်းတွင် အင်းတော်မြို့နယ် မော်လူးနှင့် နဘားကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများအပါအဝင် အပြန်အလှ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ ပူးပေါင်းပြီး ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အဆိုပါဒေသ တော်လှန်ရေးသတင်းများ ဖော်ပြနေသည့် Indaw Revolutionက ထုတ်ပြန် သည်။

ထီးချိုင့်မြို့နယ်ဘက်မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ မတ်လ ၅ရက် နံနက်ပိုင်းတွင် အင်းတော်မြို့နယ် မော်လူးနှင့် နဘားကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများအပါအဝင် အပြန်အလှ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်အတွင်း စစ်ကားတစ်စီး ပက်လက်လှန်ကာ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်သေဆုံး၍ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ မတ်လ ၃ ရက်ကလည်း အင်းတော်နှင့် မော်လူးကြား၌ စစ်ကောင်စီယာဥ်တန်းလုံခြုံရေးယူလာသည့်တပ်ဖွဲ့ကို နေရာလေးခု၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးခန့် သေဆုံးကြောင်း Indaw Revolution က ဖော်ပြသည်။

ယနေ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခဲ့မှုကို KIA၊အင်းတော် PDFနှင့် Indaw Tiger Army တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။