Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းတော်နယ်တွင် KIA/PDF ပူးပေါင်းတပ် တိုက်ခိုက် ၍ စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဟုဆို

ထီးချိုင့်မြို့နယ်ဘက်မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ မတ်လ ၅ရက် နံနက်ပိုင်းတွင် အင်းတော်မြို့နယ် မော်လူးနှင့် နဘားကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများအပါအဝင် အပြန်အလှ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ ပူးပေါင်းပြီး ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အဆိုပါဒေသ တော်လှန်ရေးသတင်းများ ဖော်ပြနေသည့် Indaw Revolutionက ထုတ်ပြန် သည်။

ထီးချိုင့်မြို့နယ်ဘက်မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ မတ်လ ၅ရက် နံနက်ပိုင်းတွင် အင်းတော်မြို့နယ် မော်လူးနှင့် နဘားကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများအပါအဝင် အပြန်အလှ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်အတွင်း စစ်ကားတစ်စီး ပက်လက်လှန်ကာ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်သေဆုံး၍ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ မတ်လ ၃ ရက်ကလည်း အင်းတော်နှင့် မော်လူးကြား၌ စစ်ကောင်စီယာဥ်တန်းလုံခြုံရေးယူလာသည့်တပ်ဖွဲ့ကို နေရာလေးခု၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးခန့် သေဆုံးကြောင်း Indaw Revolution က ဖော်ပြသည်။

ယနေ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခဲ့မှုကို KIA၊အင်းတော် PDFနှင့် Indaw Tiger Army တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။