Hi, what are you looking for?
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ နိုဝင်ဘာလ၁ရက်နေ့မှာဖြစ်တဲ့တိုက်ပွဲအတွင်း အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် (၂၆)တပ်ရင်းမှရဲဘော်ရန်နိုင်စိုး(ခ)ဇော်ဖြိုးဝေကျဆုံးခဲ့ပါတယ်။ ရဲဘော်ရန်နိုင်စိုးရဲ့ဈာပနကို ဒီကနေ့(နိုဝင်ဘာလ ၂ရက်နေ့ ) မှာပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြုလုပ်ခဲ့ပါတယ်။ ရဲဘော်ရန်နိုင်စိုးရဲ့ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတို့ကိုအစဉ်အောက်မေ့သတိရပြီး ပြည်သူ့တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂၆)တပ်ရင်းက ထုတ်ပြန်ပါတယ်။ ဓါတ်ပုံ- အမှတ်...