Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ ဒေသကပြည်သူတွေကို ခရီးသွားလာခွင့် ကန့်သတ်

ရခိုင်ပြည်နယ်အပါအဝင် စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ မြို့နယ်တွေက ပြည်သူတွေကို ထောက်ခံစာအပြည့်အစုံပါမှ ခရီးသွားလာခွင့်ပြုဖို့ ကန့်သတ်ထားတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

(ခရီးသည်ယာဉ်တစ်စီးကို စစ်ကောင်စီက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - CJ)

ဖေဖော်ဝါရီ-၄၊၂၀၂၆၊ရှိန်း/ People’s Spring

ရခိုင်ပြည်နယ်အပါအဝင် စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ မြို့နယ်တွေက ပြည်သူတွေကို ထောက်ခံစာအပြည့်အစုံပါမှ ခရီးသွားလာခွင့်ပြုဖို့ ကန့်သတ်ထားတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ကန့်သတ်ထားတဲ့မြို့နယ်တွေဟာ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်း၊မကွေး၊မန္တလေးက မြို့နယ်တွေပါ ဝင်တယ်လို့ သိရပါတယ်။

၁၃/ကမန(နိုင်)ကျောက်မဲမြို့နယ်၊ ၁၃/လရန(နိုင်) လားရှိုးမြို့နယ်၊ ၁၃/နမတ(နိုင်)နမ္မတူမြို့နယ်၊

Public Service Announcement

Public Service Announcement

၁၃/သပန(နိုင်)သီပေါမြို့နယ်၊ ၁၃/ကကန(နိုင်) ကုန်းကြမ်းမြို့နယ်(ဟိုပင်ခရိုင်အတွင်းပါဝင်)

၉/မကန(နိုင်) မိုးကုတ်မြို့နယ်၊ ၅/မရန(နိုင်)မုံရွာမြို့နယ်၊ ၅/မမန(နိုင်)မြောင်မြို့နယ်၊ ၅/ရဘန (နိုင်)ရွှေဘိုမြို့နယ်၊ ၈/မကန(နိုင်)မကွေးမြို့နယ်နဲ့

၁၁/ဖြစ်တဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးက ပြည်သူကို စစ်တပ်က ခရီးသွားလာခွင့် ကန့်သတ်ထားတာလို့ သိရပါတယ်။

ကားဂိတ်တွေအကုန်လုံးကိုလည်း ထောက်ခံစာ မပါဘဲ လက်မှတ်ရောင်းချခြင်းမပြုဖို့နဲ့ ထောက်ခံစာ မပါ၊ပါက လမ်းကစစ်ဆေးဂိတ်မှာ ဆင်းနေခဲ့ရမယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

“ဂိတ်တွေမှာ စာကပ်ထားတယ်။အရင်က အခုလို စာမကပ်ဘဲ ဂိတ်ရောက်မှဆွဲချခံရတာ တွေရှိတယ်။အခုတော့ ကိုယ့်နိုင်ငံထဲကို ခရီးသွားဖို့ကို ရဲနဲ့ ရပ်ကွက်ရုံးကို ပိုက်ဆံ ပေးပြီးမှ ခရီးသွားရမယ့်ပုံ ဖြစ်နေတာ ပေါ့”လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လမ်းကဂိတ်တွေမှာ မသင်္ကာရင် ချက်ချင်းကား ပေါ်ကဆင်းခိုင်းပြီး ဂိတ်မှာနေခဲ့ရတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Trending

Facebook