Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေယာဉ်တင် သင်္ဘောနား ချဉ်းကပ်ခဲ့တဲ့ အီရန်ဒရုန်းကို အမေရိကန် ပစ်ချ

အဲဒီ အီရန် ဒရုန်းဟာ အာရေဘီးယား ပင်လယ်မှာ ရှိနေတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးဆီကို ဖေဖော်ဝါရီ ၃ ရက်နေ့က တဇွတ်ထိုး ချဉ်းကပ် ပျံသန်းလာခဲ့တာကြောင့် သင်္ဘောပေါ်မှာရှိတဲ့ F-35C ကိုယ်ပျောက် တိုက်လေယာဉ် တစ်စီးက ပျံတက်သွားပြီး ကြားဖြတ် ပစ်ချခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (CENTCOM)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က ပြောကြားခဲ့ပါတယ်။

လေယာဉ်တင် သင်္ဘောနား ချဉ်းကပ်လာတဲ့ အီရန် ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

အဲဒီ အီရန် ဒရုန်းဟာ အာရေဘီးယား ပင်လယ်မှာ ရှိနေတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးဆီကို ဖေဖော်ဝါရီ ၃ ရက်နေ့က တဇွတ်ထိုး ချဉ်းကပ် ပျံသန်းလာခဲ့တာကြောင့် သင်္ဘောပေါ်မှာရှိတဲ့ F-35C ကိုယ်ပျောက် တိုက်လေယာဉ် တစ်စီးက ပျံတက်သွားပြီး ကြားဖြတ် ပစ်ချခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (CENTCOM)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က ပြောကြားခဲ့ပါတယ်။

USS Abraham Lincoln ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ်အုပ်ဟာ အီရန်ကမ်းလွန် မိုင် ၅၀၀ ဝန်းကျင် ပင်လယ်ပြင်မှာ ရှိနေတယ်လို့ CENTCOMက ဆိုပါတယ်။ အီရန်ဒရုန်းဆီက ရန်လိုတယ်လို့ ယူဆရတဲ့ လှုပ်ရှားမှုကြောင့် ကိုယ်ကိုယ်ကိုယ် ကာကွယ်တဲ့ အနေနဲ့ အခုလို ပစ်ချခဲ့တာ ဖြစ်တယ်လို့လည်း ဟော့ကင်းစ်က ဆိုပါတယ်။

ဒရုန်းရဲ့ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို မသိရကြောင်း၊ ဒီဖြစ်စဉ်မှာ အမေရိကန် စစ်သည်တွေ ဒဏ်ရာရတာ၊ အမေရိကန် စစ်လက်နက် ပစ္စည်းတွေ ထိခိုက်တာမျိုး ဘာမှ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ကတော့ အမေရိကန် လေယာဉ်တင် သင်္ဘောဆီကို ဒရုန်းပျံသန်းစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ရဲ့ နျူကလီးယား လက်နက် စီမံကိန်းတွေ ဖျက်သိမ်းရေးကိစ္စ ညှိနှိုင်းမှု အဆင်မပြေရင် အီရန်ကို စစ်ရေးအရ တိုက်ခိုက်နိုင်ကြောင်း ခြိမ်းခြောက်ပြီး အီရန်နိုင်ငံ ပတ်ပတ်လည်မှာ ရေတပ်၊ လေတပ် အင်အားတွေ ဖြည့်တင်း ဖြန့်ကျက်ထားချိန်မှာ အခုဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့တာပါ။

အီရန်ဒရုန်းတစ်စီးကို အာရေးဘီးယား ပင်လယ်ထဲမှာ ပစ်ချခဲ့တဲ့ ဖြစ်စဉ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က အခုသီတင်းပတ်ကုန်မှာ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေဟာ ကြိုတင် ချိန်းဆိုထားတဲ့အတိုင်း တွေ့ဆုံကြမှာ ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။

သမ္မတ ထရမ့်ဟာ ကိစ္စတိုင်းကို သံတမန်ရေးနဲ့ ဖြေရှင်းဖို့ကို အမြဲတမ်း ဦးစားပေးကြောင်း၊ ဒါပေမဲ့ စစ်ရေးအရ တုံ့ပြန်မှု အပါအဝင် သမ္မတအတွက် ရွေးချယ်စရာတွေက အမြဲတမ်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း လီယာဗစ်က ဆိုပါတယ်။

တစ်ဖက်မှာတော့ အီရန် အစိုးရခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက သူ့နိုင်ငံ တိုက်ခိုက်ခံရတဲ့ အခြေအနေတိုင်းဟာ ဒေသတွင်း စစ်ပွဲကြီးအသွင် ကူးပြောင်းသွားနိုင်တယ်လို့ မကြာသေးခင်က သတိပေးထားပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – US Navy

ဆက်စပ်သတင်းများ