သတင်း
အောက်တိုဘာ-၂၆၊၂၀၂၅။တေဇ/People’s Spring စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မြန်မာပြည်ရဲ့နာမည်ကြီးမင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ စစ်တပ်ဝါဒဖြန့်ဇာတ်ကားနဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအသိုင်းအဝိုင်းအပါအဝင် ပြည်သူတွေရဲ့ ဝေဖန်သံတွေ ဆူညံနေပါတယ်။ “ဗုံးထောင်တာ တော်လှန်ရေးမဟုတ်ဘူးတဲ့ အိမ်တွေမီးရှို့တာကနယ်မြေရှင်းလင်းရေး၊လေယာဥ်နဲ့ ပြည်သူတွေ၊ကလေးတွေပါမကျန် ဗုံးကြဲတာက စစ်ဆင်ရေး၊ ကိုယ့်လက်အောက် မှာ မလုပ်ချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချ၊ ကိုယ်မကောင်းလို့မကောင်းဘူးပြောတဲ့သူတွေကိုဖမ်းဆီးဖျောက်ဖျက်တာကနိုင်ငံရေး၊စစ်ရှုံးနေလို့လူငယ်တွေကိုပေါ်တာဆွဲတာကတပ်မတော်ပေါ့လေ။” လို့ Revolution Fan...



















































