Hi, what are you looking for?
အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားပေမယ့် စစ်တပ်စစ်ကြောင်းတွေလန်ကျပြီး အထိနာနေချိန်မှာ AA သိမ်းပိုက်ထားတဲ့ဒေသတွေက ဈေးတွေ၊တံတားတွေ၊စစ်ရှောင်စခန်းတွေ ၊ဆေးခန်းတွေ၊နေအိမ်တွေကိုပါ ပစ်မှတ်ထားပြီးလေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်နေ့ကနေ အောက်တိုဘာ...
မွန်ပြည်နယ်၊ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)တို့က ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသပေးပါတယ်။
ထိုင်းနိုင်ငံရောက်မြန်မာအချို့ ဇန်နဝါရီဒုတိယပါတ်မှာ အိမ်ရှင် ထိုင်းနိုင်ငံသားတချို့နဲ့ခိုက်ရန်ဖြစ်ပွားတာကစပြီးဆက်တိုက်ဆိုသလိုပြသာနာတွေဖြစ်ပွားခဲ့တာကြောင့် ထိုင်းရောက်မြန်မာတွေကြားထဲစိုးရိမ်မှုတွေမြင့်တက်လာပါတယ် ။ပြသာနာဖြစ်တဲ့မြန်မာအချို့ကို အကြောင်းပြုပြီး ထိုင်းနိုင်ငံသားအချို့ကြားမှာ မြန်မာတွေအပေါ် အမုန်းပွားလာတာကြောင့်ဖြစ်ပါတယ် ။