Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စစ်ကိုင်းနဲ့ ကရင်ပြည်နယ်က ပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၇၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ် မြိတ်- ထားဝယ်နဲ့ ဒူးပလာယာခရိုင်မှာ ဒေသခံပြည်သူတွေက အာဏာသိမ်း စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ် ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ပြီး ပြည်သူ့ဆန္ဒအား ကိုယ်စားမပြုတဲ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီရွေးကောက်ပွဲ စနစ်တစ်ရပ် မဟုတ်သလို၊ နိုင်ငံတကာ အသိအမှတ်ပြုခြင်း မဟုတ်သော ရွေးကောက်ပွဲ ဖြစ်ကြောင်းနဲ့ ပြည်သူ့ဆန္ဒ မပါသော စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ကရင်ပြည်နယ် ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း ကျေးရွာတွေမှာ ဝက်လက်မြို့နယ်လူထုသပိတ်၊ ရွှေဘိုမြို့နယ်သပိတ်၊ မြောင်လူထုသပိတ်၊ ဒီပဲယင်းမြို့နယ်သပိတ်နဲ့ ငြိမ်းချမ်းရေး စာသင်ခန်း တို့ ပူးပေါင်းပြီး ဘူးသပိတ်ဆင်နွှဲ ဖက်ဆက်ဆစ်ဖြိုလှဲ ဘန်နာစာသားတွေ ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အထိုင်သပိတ် ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ UKSY

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook