Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးစဉ်ထောင်ခဲ့တဲ့ မိုင်းနင်းမိလို့ ကလေးတစ်ဦးနဲ့ သက်ကြီးရွယ်အို နှစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ထောင်ခဲ့တဲ့ မိုင်းနင်းမိလို့ ကလေး တစ်ဦးနဲ့ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်စစ်ကြောင်းထိုးစဉ်ထောင်ခဲ့တဲ့ မိုင်းနင်းမိလို့ ဒဏ်ရာရသူကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဇန်နဝါရီ-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ထောင်ခဲ့တဲ့ မိုင်းနင်းမိလို့ ကလေး တစ်ဦးနဲ့ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄ရက်မှာ မြေမြှုတ်မိုင်းနင်းမိပြီး အသက်(၁၆)နှစ်အရွယ် တစ်ဦး၊ အသက်(၇၃)နှစ်အရွယ် အဘိုးအို တစ်ဦးနဲ့ အသက်(၇၀)အရွယ် အဘွားအို တစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရတာပါ။

ဒါ့အပြင် စစ်ကောင်စီက မူးမြို့နယ် ဒေသခံတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၃ရက်က စစ်ကောင်စီရဲ့ ခမရ(၄၃၉) တပ်ရင်းက ၁၂၀ မမ လက်နက်ကြိးနဲ့ ပစ်ခတ်လို့ နတ်လောင်းကျေးရွာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သလို ဇီးဖြူခင်ရွာကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်လို့ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သနှီးခေါင်းကျေးရွာကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် (၁၅)နှစ်နဲ့ (၁၈)နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် ပြည်သူ ၈ဦးကို ဖမ်းဆီးကာ ပဲနွယ်ကုန်းရဲစခန်းကို ခေါ်ဆောင်သွားကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ မူးမြို့နယ်အတွင်း စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာတွေ ပြည်သူလူထု နေထိုင်ရာနဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီးနဲ့ နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်နေလို့ အရပ်သား ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ သွားလာနေထိုင်ကြရတယ်လို့ KNUက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေအပါအဝင် နိုင်ငံတဝန်း ဒေသအသီးသီးကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တွေအသုံးပြုပြီး ပြည်သူလူထုနေထိုင်ရာနေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေလို့ အစုလိုက်၊အပြုံလိုက်သေဆုံးထိခိုက်တာ အပါအဝင် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ် စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မတက်နိုင်သေးဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။