ဇန်နဝါရီ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)တို့က ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသိပေးပါတယ်။
အင်အား ၂၀၀လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၁၅ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး သေဆုံးကာ ၆ဦး ဒဏ်ရာရပြီး အများအပြား ဒဏ်ရာရတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
စစ်ကောင်စီရဲ့ ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ်ကု ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲအတွင်း မွန်ပြည်တော်လှန်ရေးတပ် မှ တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မစိုးရိမ်ရဟု အသိပေးထားပါတယ်။
အခြားမွန်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMDP)/ ရာမညမွန်တပ်တော် (RMA)ဟာလည်း အခု ဇန်နဝါရီ ဒုတိယပတ်မှာ ရေးမြို့နယ်အပါအဝင် မွန်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်နေရာ ၅ခုကို အလစ်အငိုက်ဝင်တိုက်ခိုက်တာ၊ ရှေ့တိုက်ဒုံးနဲ့ ပစ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း RMAက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလို တိုက်ခိုက်တာဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ တိုက်ဖျက်သွားမယ်ဆိုတဲ့ အဖွဲ့ရဲ့ ရပ်တည်ချက်ကို ဖော်ပြတာဖြစ်တယ်လို့ NMSP-AD/RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားထားပါတယ်။
RMA ဟာ ဇန်နဝါရီ ၁၁ရက်ကမွန်ပြည်နယ်၊ ရေးမြိုနယ် အစင်ကျေးရွာထိပ်က စစ်ကောင်စီ ဂိတ်စခန်း၊ ရေးမြိုပေါ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)၊ ရေးမြိုနယ် ကလော့ကျေးရွာအနီး အမြောက်တပ် (၃၁၆)၊ မုဒုံမြိုနယ် ကမာဝက် အခြေစိုက်ခမရ(၂၀၉) တပ်ရင်းကို တိုက်ခိုက်ခဲ့သလို ဇန်နဝါရီ ၁၀ရက်က ကမာဝက်မြိုက မဲရုံတွေကို ကြည့်ရှုနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


















































