Connect with us

Hi, what are you looking for?

သတင်း

မယ်စဲ့အကျဥ်းထောင်က စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါး လက်နက်တွေယူ ထွက်ပြေးသွား

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဥ်းထောင် ကနေ စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။

မယ်စဲ့တိုက်ပွဲက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ကရင်နီတပ်ပေါင်းစု)

ဇန်နဝါရီ-၁၈၊၂၀၂၆။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဥ်းထောင် ကနေ စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။

မနေ့က(ဇန်နဝါရီ ၁၇ရက်)ညပိုင်းမှာ အကျဥ်းသားတွေက လက်နက်အချို့ပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

“၅၉ဦး မယ်စဲ့ IECထောင်ကနေ လွတ်သွားတာ။သေနတ်တွေလည်းပါသွားတယ်။ထောင်ဝန်းထမ်းတွေကို ကြိုးတုတ်ပြီးအချုပ်ထဲ ထည့်ခဲ့တာ”လို့ ကရင်နီဒေသခံတစ်ဦးက ဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC )ရဲ့တွဲဖက်အတွင်း ရေးမှူး ဦးဗညားက”ကျ​နော်တို့အသိ​ပေးထုတ်ပြန်ပါ့မယ်။ထွက်ပြေးသွားတာတော့ မှန်တယ်”လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေဟာ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ အခြေအနေကြောင့် မော်ချီးဒေသနဲ့ မယ်စဲ့မြို့မှာနေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့က တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်ကနေ ထိုင်းနိုင်ငံဘက် နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ မယ်စဲ့မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်း၊ရှမ်းမြောက် နဲ့ မန္တလေးတိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်သားတွေ အကျဥ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။