Hi, what are you looking for?
ကိုယ်ပိုင်သံစဉ်တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့တေးရေးတေးဆို အဆိုတော်ကိုင်ဇာ ဒီနေ့ (ဩဂုတ်၂၂) ညမှာကွယ်လွန်သွားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန်မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ဟာ မလျော်ကန်တဲ့အပြုအမူတွေပြုလုပ်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက တိုင်ကြားတာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးသွားမယ်ဖြစ်ကြောင်း NUGက ထုတ်ပြန်ခဲ့ပြီး တိုင်ကြားခံရသူကို နိုဝင်ဘာ ၂၂ရက်က စတင်ပြီးတာဝန်ကနေ ယာယီရပ်နားထားကြောင်း ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာစစ်တပ်နဲ့ သင်္ကန်းဝတ်ဝါသဝရဲ့ပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး အများအပြား သေဆုံးကာ လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီး" စာသားနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်မဲမပေးကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။