သတင်း ကျောက်မဲတွင်TNLA နှင့် SSPP တိုက်ပွဲဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ဇွန် ၁၅ ရက်၌ တိုက်ပွဲဖြစ်ပွားခဲ့ဟု သတင်းရင်းမြစ်အချို့က ပြောသည်။ ludunwayooဇွန် 16, 2025
သတင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုဆုတောင်းခြင်းနဲ့ ပန်းသပိတ်မှာပါဝင်ရေး မန္တလေးနဲ့ စစ်ကိုင်းမှာ လှုံ့ဆော် မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၆)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooဇွန် 16, 2025
သတင်း နောင်ချိုက ကံကြီးရွာနားမှာတိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဓနုတပ်ခေါင်းဆောင်ပြော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာစစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကလူထုနွေဦးကိုပြောပါတယ်။ ludunwayooဇွန် 16, 2025
သတင်း စလင်းတွင် ဒုရဲမှူးတစ်ဦး ပကဖထံ အလင်းဝင် မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ စစ်ရေးတင်းမာနေစဉ် တညောင်တိုက်နယ်စခန်းမှူးသည် စလင်းပကဖထံ အလင်းဝင်ခဲ့သည်။ ludunwayooဇွန် 16, 2025
သတင်း မလေးရှားနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ဆုတောင်းပွဲပြုလုပ် မလေးရှားနိုင်ငံ၊ပီနန်းမြို့တွင်မလေးရှားရောက်မြန်မာနိုင်ငံသားများစုပေါင်း၍ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ်ဆုတောင်းပွဲကိုယနေ့ပြုလုပ်ခဲ့သည်။ ludunwayooဇွန် 16, 2025
သတင်း ငွေပိုဖောင်းပွလာပြီး ပြည်သူမျာပိုမိုကြပ်တည်းလာဟု ကမ္ဘာ့ဘဏ်ဖော်ပြ မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ပြည်သူများပိုမိုကြပ်တည်းလာကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော်ပြသည်။ ludunwayooဇွန် 16, 2025
သတင်း မင်းကွန်းနယ် စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင်ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ရွာနှစ်ရွာကိုမီးရှို့ စစ်ကိုင်းမြို့နယ်၊မင်းကွန်းတကြောကို ၅ရက်တာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ ludunwayooဇွန် 16, 2025
သတင်း မလေးရှားကို အလုပ်သွားလုပ်မယ့် မြန်မာ ၂၄ဦး ထိုင်းမှာ ထပ်မံအဖမ်းခံရ မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ဦးကို ထိုင်းအာဏာပိုင်တွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ludunwayooဇွန် 16, 2025
သတင်း စစ်တပ်နှင့် PNO ပြည်သူ့စစ်က လအိရွာဘုန်းကြီးကျောင်းကို ဒရုန်းဖြင့်တိုက် စာသင်နေသောကလေးငယ်နှစ်ဦးဒဏ်ရာရ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ ludunwayooဇွန် 16, 2025
သတင်း ဆီဆိုင်နယ် တပူးထို ပအိုဝ်းရွာခံများကို PNO ပြည်သူ့စစ်က မောင်းထုတ်ပြီးနောက် နေအိမ်များကို မီးရှို့ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့သဖြင့် ပြည်သူလူထု နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ ludunwayooဇွန် 16, 2025