Connect with us

Hi, what are you looking for?

သတင်း

မလေးရှားကို အလုပ်သွားလုပ်မယ့် မြန်မာ ၂၄ဦး ထိုင်းမှာ ထပ်မံအဖမ်းခံရ

မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ဦးကို ထိုင်းအာဏာပိုင်တွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။

တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများဖမ်းဆီးခံရစဉ်။ ဓာတ်ပုံ − CJ

ဇွန်-၁၆၊ ၂၀၂၅။ People’s Spring

မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ဦးကို ထိုင်းအာဏာပိုင်တွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဒီကနေ့(ဇွန်လ ၁၆ရက်)မှာ မြန်မာနိုင်ငံသား ၂၄ဦးဟာ မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံအတွင်းကနေတဆင့်ဖြတ်ကျော်ဖို့ ဝင်ရောက်လာစဉ် ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့နယ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အမျိုးသား ၂၂ဦးနဲ့ အမျိုးသမီး ၂ဦးတို့ဖြစ်ပြီး ရန်ကုန်နဲ့ မော်လမြိုင်မြို့တွေက လာရောက်တဲ့သူတွေလို့ သိရပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ မလေးရှားနိုင်ငံကို တရားမဝင်နည်းလမ်းနဲ့ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ထိုင်းနိုင်ငံ တောင်ပိုင်းကနေ ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံထဲကို ဝင်ရောက်ကြတာပါ။

Public Service Announcement

Public Service Announcement

အဲဒီလို တရားမဝင်လမ်းကြောင်းကသွားရင် တစ်ဦးကို အနည်းဆုံး ဘတ် ၅သောင်းကနေ ၇သောင်းအထိ ပေါက်စျေးရှိပြီး လိုက်လံပို့ဆောင်တဲ့ ပွဲစားတွေကို ပေးရပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ လတ်တလောမှာ တရားမဝင်လုပ်သားတွေကို ရှာဖွေဖမ်းဆီးမှုတွေ ပုံမှန်အတိုင်းလုပ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၃ရက်ကလည်း ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့နယ်မှာ အထောက်အထားတွေမရှိတဲ့ မြန်မာ ၁၂ဦးတင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် ဇွန်လ ၁၂ရက်ကလည်း မလေးရှားနိုင်ငံကို သွားရောက်ဖို့ တရားမဝင်လာရောက်တဲ့ မြန်မာလုပ်သား ၂၉ဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးကို ကန်ချန်နဘူရီခရိုင်အတွင်းမှာ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။