Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နှင့် PNO ပြည်သူ့စစ်က လအိရွာဘုန်းကြီး​ကျောင်းကို ဒရုန်းဖြင့်တိုက် စာသင်​နေ​သောက​လေးငယ်နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်တပ်နှင့် PNO ပြည်သူ့စစ် တို့က ဒရုန်းဖြင့်တိုက်ခိုက်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံ​ရေးတပ်ဖွဲ့

ဇွန်-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ယနေ့(ဇွန်လ ၁၆ ရက်)နံနက် ၁၁ နာရီခန့်က စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့၏ အသေခံဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စာသင်နေတုန်းကို ​ကြဲ​တာ။ပေါက်ကွဲတဲ့နေရာက တည့်တည့်မဖြစ်လို့ ကလေးတွေကံကောင်းတာ”ဟု ဖယ်ခုံမြို့ခံတစ်ဦးက စစ်ကောင်စီ၏ တိုက်ခိုက်မှုကိုရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အသေခံဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုသည် ဘုန်တော်ကြီးသင်ပညာရေးကျောင်းဖြစ်ပြီး မူလတန်းအရွယ်ကလေးငယ်နှစ်ဦး ထိရှဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း ပျက်စီးမှုအချို့ရှိကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်သည်။

ဖယ်ခုံမြို့၏အနောက်ဘက်ခြမ်းရှိ လအိ ရွာကို လေ ကြောင်းအသုံးပြု၍ စစ်ကောင်စီသည် မကြာခဏတိုက်ခိုက်လေ့ရှိပြီး ထိုအနက် ယမန်နှစ်စက်တင်ဘာ ၅ ရက်က ကျောင်သားကလေးငယ်နှင့်ဆရာမ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရဖူးသည်။

“ကျောင်းဖွင့်နေတဲ့ စစ်ရှောင်ကျောင်းများ ယာယီပိတ်ထားပေးကြရင်ကောင်းမယ်”ဟုရှမ်းနှင့်ကရင်နီပြည်နယ်၌ စစ်ရှောင်ကူညီနေသူတစ်ဦးက​ပြောသည်။

ဇွန်လ ၉ ရက်က ကျုံဒိုးမြို့နယ်၊ပိုင်ရပ်ကျေးရွာထဲရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲခဲ့ရာ ၆ နှစ် နှင့် ၈ နှစ် အရွယ်ကလေးသုံးဦး၊ ကျောင်း ဆရာမ တစ်ဦး နှင့် ပြည်သူတစ်ဦးသေဆုံးခဲ့သည်။

ထို့အတူ မေလ ၁၂ရက်က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမနှစ်ဦး၊ ကျောင်းသား၊သူ ကလေးငယ် ၂၂ ဦး သေဆုံးပြီး စုစုပေါင်း ၁၀၂ဦး ဒဏ်ရာရခဲ့သည်။

အရပ်သားလူထုနေထိုင်ရာနေရာများ၊စစ်ရှောင်စခန်း များကို ပစ်မှတ်ထား၍ စစ်ကောင်စီ က လေကြောင်း၊လက်နက်ကြီးဖြင့် တိုက်ခိုက်မှုသည် ပိုဆိုးလာပြီး ကလေးငယ်များအပါအဝင် ပြည်သူရာနှင့်ချီ၍ လပိုင်းအတွင် သေဆုံးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။