Connect with us

Hi, what are you looking for?

သတင်း

မလေးရှားနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ဆုတောင်းပွဲပြုလုပ်

မလေးရှားနိုင်ငံ၊ပီနန်းမြို့တွင်မ​လေးရှားရောက်မြန်မာနိုင်ငံသားများစုပေါင်း၍ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ်ဆုတောင်းပွဲကိုယနေ့ပြုလုပ်ခဲ့သည်။

ဇွန်-၁၆၊၂၀၂၅။ သုည/People’s Spring

မလေးရှားနိုင်ငံ၊ပီနန်းမြို့တွင်မ​လေးရှားရောက်မြန်မာနိုင်ငံသားများစုပေါင်း၍ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ်ဆုတောင်းပွဲကိုယနေ့ပြုလုပ်ခဲ့သည်။

ယင်းဆုတောင်းပွဲကို အမှန်တရားမြတ်နိုးသူများအဖွဲ့ (Penang & Butterworth) နှင့် CSP အမှန်တရားဘက်တော်သားများထောက်ပို့တပ်စု Music Group အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်သံဃာတော်များ ဆွမ်းကပ်ခြင်း၊ သင်္ဃန်းကပ်ခြင်း၊ မွေးနေ့ဆု

Public Service Announcement

Public Service Announcement

တောင်းခြင်းနှင့် တော်လှန်ရေးကမ်ပိန်းသီးချင်းများ သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့အပြင် “အမေစု မတရားချုပ်နှောင်မှုမှအမြန်ဆုံးလွတ်မြောက်ပါစေ!”၊ “အမေစု အသက်ရာကျော်ရှည်ပါစေ!” ဟု ဆုတောင်းစကားဆိုခဲ့ကြသည်။

ဓာတ်ပုံ – အမှန်တရားမြတ်နိုးသူများအဖွဲ့(ပီနန်/ဘာတာဝပ်)

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။