Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းနယ် စစ်ကြောင်းထိုး​နေတဲ့စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင်ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ရွာနှစ်ရွာကိုမီးရှို့

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတကြောကို ၅ရက်တာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ထားတ‌‌ယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ချောင်းမကြီးရွာကိုစစ်‌တပ်ကမီးရှိို့​နေစဥ်။ ဓါတ်ပုံ- Wetlet information Network

ဇွန်-၁၆၊၂၀၂၅။May/People Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတကြောကို ၅ရက်တာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ထားတ‌‌ယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ဇွန်လ ၁၁ ရက်ကစတင်ကာစစ်ကိုင်းမြို့ရဲ့ မြောက်ဘက်က စစ်တပ်ကာကင်းတွေက စစ်သား​တွေ အကုန်စုပြီး မင်းကွန်းရွာထဲကို စစ်​ကြောင်းထိုးဝင်ရောက်ခဲ့တာလို့သိရပါတယ်။

ချောင်းမကြီးရွာကိုစစ်‌တပ်ကမီးရှိို့​နေစဥ်။ ဓါတ်ပုံ- Wetlet information Network

အဲဒီနောက်မြောက်ဘက်ကကင်းရွာကိုဆက်ပြီးစစ် ကြောင်းထိုးဖို့ ကြိုးစားစဉ်တော်လှန်ရေးတပ်တွေနဲ့ အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ နေ့မှာပဲ စစ်တပ်စစ်​ကြောင်းပြန်ဆုတ်ခဲ့ပြီးကင်းရွာနဲ့ မင်းကွန်းရွာကြားထဲက ဆုတောင်းပြည့်ဘုန်းကြီး ကျောင်းကို စစ်တပ်က ဝင်​ရောက်စီးနင်းခဲ့ပါတယ် ။

ဘုန်ကြီး​ကျောင်းကိုဝင်ရောက်ပြီး ကျောင်းထိုင်​ဆရာ​တော် ၊‌‌ ဆရာ​တော်ရဲ့ မယ်တော်နဲ့ ယောက်ဖ တော်စပ်သူ​တွေကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့​ဒေသခံ​တွေဆီကသိရပါတယ်။

ဇွန်လ၁၃ရက် နေ့မှာ​တော့ အင်အားအလုံးအရင်းနဲ့ထိုးလာပြီး PDFကာကင်း ပေါက်ကာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကင်းရွာကနေ ချောင်းမကြီးရွာအထိ စစ်တပ်က ဝင်ရောက်လာတယ်လို့ ဒေသခံတဦး ကပြောပါတယ်။

၁၃ရက် နေ့မှာ ချောင်းမကြီး ကျေးရွာကိုဝင်ရောက်ပြီး ဒေသခံတွေကရွာရဲ့ အနောက်ဘက်ကို စစ် ရှောင်ခဲ့ ပေမယ့် မင်းဝံ တောင်ရိုးကတက်လာတဲ့ စစ်​ကြောင်းနဲ့ တွေ့ကာ ပစ်ခတ်ခံရပြီး သက်ကြီး အမျိုးသားတဦး သေဆုံးကာ လူလတ်ပိုင်းအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံ တွေဆီက​ပြောပါတယ်။

အဲဒီစစ် ကြောင်းဟာ ဇွန်လ၁၄ ရက်နေ့မှာ ကင်းရွာနဲ့ ချောင်းမကြီးရွာ တွေကို တပြိုက်နက်မီးရှို့ခဲ့တယ်လို့လည်းသိရပါတယ်။

“ကင်းရွာက တော့ အကုန်ကုန်ပြီလို့သိရတယ်။ချောင်းမကြီးကလည်း သုံးပုံနှစ်ပုံ လောက်ကုန်ပြီလို့ပြောတယ်။အတိအကျကိုတော့မသိရသေးဘူး”လို့ ဒေသခံတဦး ကပြောပါတယ်။

ဇွန်လ၁၆ ရက်နေ့မှာတော့အဲဒီစစ်ကြောင်းဟာ ကင်းရွာမြောက်ဖျားနဲ့ ကင်းရွာထဲက ထိုင်ဝမ်ဘုန်းကြီး ကျောင်းတို့ကို တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒီစစ် ကြောင်းကို​ဒေသခံတော်လှန်ရေးတပ်တွေက စုပေါင်းတိုက်ခိုက်နေကြပြီး ၅ရက်လုံးတိုက်ပွဲတွေဖြစ်နေတာမို့ခဲယမ်းလိုအပ်မှုတွေလည်းရှိ နေတယ်လို့ ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့အချို့ဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ နတ်မောက်ဂဠုန် PDFရဲ့ တာဝန်ရှိသူ ကိုအောင်ဒင်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းနယ်မြေရဲစခန်းက စစ်ကောင်စီရဲ့ တပ်ကြပ်တစ်ဦးကို ဖမ်းမိတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။