Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက စားအုန်းဆီခွဲတမ်းလျှော့ချပြီးနောက် စျေးကွက်အတွင်း ဝယ်ယူရခက်ခဲလာ

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

(ရန်ကုန်မြို့မှာ စားအုန်းဆီ တစ်ပုလင်းရဖို့ တန်းစီဝယ်ယူနေရသူများကို ၂၀၂၂ ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - STR/AFP)

ဇူလိုင် ၂၂၊ ၂၀၂၆။ တာရာ/People’s Spring

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

စျေးကွက်ထဲမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၉၀၀၀ နဲ့ ကျပ် ၂၀၀၀၀ အထိပေါက်စျေးရှိနေပြီး အလွယ်တကူဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။

စားအုန်းဆီရရှိမှုအခက်အခဲတွေကြောင့် ဆီကြော်မုန့်ရောင်းချသူတွေနဲ့ အိမ်ရှင်မတွေဟာ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“စားအုန်းဆီတွေက ဝယ်မရတော့အခု အကြော်ရောင်းတာတောင်ရပ်လိုက်ရတယ်။ တစ်ပိဿာကို ၂၀၀၀၀ နဲ့ဘယ်လိုရောင်းမလဲ။ မကိုက်ဘူးလေ။ အကြော်ကိုစျေးထပ်တတ်ရင်လည်း ဝယ်စားတဲ့သူက ရှိတော့မှာတောင်မဟုတ်ဘူး။ တော်တော်လေးလည်း ဒုက္ခရောက်ပါတယ်” လို့ အကြော်သည်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် စားအုန်းဆီစာအုပ်နဲ့ အိမ်ထောင်စုတစ်စုကို ၁လ ၂ ပိဿာ ရောင်းချပေးရာကနေ ၁ပိဿာပဲရောင်းချပေးတော့တယ်လို့ သိရပါတယ်။

” အရင်ကတစ်ပတ်ကို ၅၀ သားစီထုတ်ပေးတယ်။ ဆီပြသနာတွေစတော့ ၁၅ ရက်တစ်ခါပဲပေးတော့တယ်။ ပဲဆီတွေကလည်းစျေးတွေကြီးတော့ ရောသုံးရတာ။ အခုဆီတစ်ပိဿာတောင်အနိုင်နိုင်ဆိုတော့ ရှေ့ဆက်ဘယ်လိုလုပ်မလဲ” လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ​ငွေ​ကြေး​​ဖောင်းပွပြီးကုန်စျေးနှုန်းအဆမတန်ကြီးလာပြီးနောက် စားအုန်းဆီပြသနာက အဆိုးဆုံးထဲကတစ်ခုဖြစ်တယ်လို့ အိမ်ရှင်မအချို့က​​ပြောပါတယ်။

​​ပြည်ပက​နေ လစဥ်စားအုန်းဆီတန်ချိန် တန်ချိန် ၅၀၀၀၀ ကျော်တင်သွင်းရ​ပြီး ၁တန်ကို အမေရိကန်ဒေါ်လာ ၁၁၅၀ ​ခန့်ဈေးရှိတာ​ကြောင့်လစဥ် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော်ကုန်​နေကြောင်း စစ်ကောင်စီကဆိုပါတယ်။ လက်နက်ခဲယမ်း ၊စက်သုံးဆီ​တွေကို

သွင်းဖို့​ဒေါ်လာများစွာသုံး​နေတဲ့ အာဏာသိမ်း စစ်တပ်က ​ဒေါ်လာ အကုန်သက်သာဖို့ စားအုန်းဆီတင်သွင်းမှုကိုလျှော့ချပြီး ပြည်သူတွေကို ဆီလျှော့စားဖို့​ပြောပြီး ဆီတင်သ့င်းတာ​လျှော့လိုက်သလို ခွဲတမ်း​တွေကိုလည်း လျှော့ချလိုက်တာဖြစ်ပါတယ်။

စျေးကွက်အတွင်းမှာ စားအုန်ဆီဟာ​ဈေးတက်သွားသလို ဝယ်ဖို့ခက်လာပြီးပြသနာကြီးလာတယ်တယ်လို့ ပြည်သူ​တွေက ​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။