သတင်း ငလျင်ဗဟိုချက်အနီးဆုံး စစ်ကိုင်းမြို့တွင်ရုပ်အလောင်း ၁၈၃လောင်း မီးသဂြိုလ်ပြီး ဖျက်အားပြင်းငလျင်ကြီး ဗဟိုပြုလှုပ်ခဲ့သောနေရာနှင့်အနီးဆုံးစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးထိခိုက်၊ပျက်စီးမှုအလွန်များနေပြီး ရှာဖွေကယ်ဆယ်ရေး ဒုတိယမြောက်နေ့ဖြစ်သော မတ်လ ၂၉ရက် ညနေအထိ ရုပ်အလောင်း ၁၈၀ ကျော် မီးရှို့သဂြိုလ်ထားရသည်။ ludunwayooမတ် 30, 2025
သတင်း ရန်ကုန်မြို့၌ တစ်ရက် ၄နာရီမီးပေးမည့် အချိန်ဇယား ထုတ်ပြန် ရန်ကုန်မြို့၌ တစ်ရက်လျှင် ၄နာရီမီးပေးမည့် အလှည့်ကျ အချိန်ဇယားကို YESC Call Center က ယနေ့(မတ်လ ၂၉ ရက်) ညတွင် ထုတ်ပြန်လိုက်သည်။ ludunwayooမတ် 30, 2025
သတင်း ငလျင်ကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုအပေါ် ဝမ်းနည်းရကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရမှုအပေါ် မိသားစုဆွေ မျိုးများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့(မတ်လ ၂၉ ရက်)တွင် ထုတ်ပြန်သည်။ ludunwayooမတ် 30, 2025
သတင်း ငလျင်ဘေးအတွက် တော်လှန်အနုပညာရှင်တွေရဲ့ အလှူ ပြည်သူထောင်နဲ့ချီသေဆုံးခဲ့တဲ့ ငလျင် ကြောင့် ဒုက္ခ ရောက်နေသူတွေအတွက် အလှူငွေတွေလှူဒါန်းတဲ့ အကြောင်းကို တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းနဲ့ ပိုင်ဖြိုးသုတို့က အသိပေးထားပါတယ်။ ludunwayooမတ် 30, 2025
သတင်း ငလျင်ကြောင့် ထိုးစစ်နှစ်ပတ်နားမည်ဟု NUGကြေညာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အိမ်၊ အဆောက်အဦးနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို နှစ်ပတ်ကြာရပ်နားထားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာသည်။ ludunwayooမတ် 30, 2025
သတင်း ဖုန်းအားသွင်းဖို့ တန်းစီ ရန်ကုန်မြို့မှာ မီးပျက်ချိန် ကြာမြင့်နေတာကြောင့် ပြည်သူအချင်းချင်း ဖုန်းတွေအားသွင်းဖို့ ကူညီပေးတာတွေရှိသလို ဈေးဝယ်စင်တာတွေမှာလည်း ဖုန်းအားသွင်းနေတာတွေ တွေ့ရပါတယ်။ ludunwayooမတ် 30, 2025
သတင်း ဟိုတယ်အောင်ပန်းပြိုကျမှု မိသားစုဝင် ၆ဦး၏ ရုပ်အလောင်းရှာတွေ့၊ စုစုပေါင်း ရုပ်အလောင်း ၁၁ဦး တွေ့ထား ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ကလေးငယ် နှစ်ဦးအပါအဝင်ခြောက်ဦး၏ ရုပ်အလောင်းများထပ်မံတွေ့ရှိပြီး စုစုပေါင်း သေဆုံးသူ ၁၁ဦးရှိလာကြောင်း ကယ်ဆယ်ရေးလုပ်နေသူအချို့က ပြောသည်။ ludunwayooမတ် 30, 2025
သတင်း ကျောက်ဆည်မြို့ Bright Kids မူကြိုကျောင်းပြိုကျမှု ကလေးငယ် ၃၀ကျော်နှင့် ဆရာမနှစ်ဦး သေဆုံး ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ Bright Kids မူကြိုကျောင်း ပြိုကျမှုအတွင်း ကလေးငယ် ၃၀ကျော်နှင့် ဆရာမနှစ်ဦး အဆောက်အဦးပိ၍သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ရှိ ဒေသခံများက ပြောသည်။ ludunwayooမတ် 30, 2025
သတင်း နိုင်ငံသဘာဝဘေးကျနေချိန် အင်တာနက်ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီဆက်ပိတ်ထား ငလျင်ဒဏ်သင့်ပြီး နှစ်ရက်ကြာသည်အထိ အင်တာနက်ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်သည်။ ludunwayooမတ် 30, 2025
သတင်း မန္တလေးမှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင် ၂၀၀ကျော်သေဆုံးဟု အစ္စလာမ်သာသနာရေးရာကောင်စီ ပြော အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောကြားပါတယ်။ ludunwayooမတ် 30, 2025