Connect with us

Hi, what are you looking for?

သတင်း

ဖုန်းအားသွင်းဖို့ တန်းစီ

ရန်ကုန်မြို့မှာ မီးပျက်ချိန် ကြာမြင့်နေတာကြောင့် ပြည်သူအချင်းချင်း ဖုန်းတွေအားသွင်းဖို့ ကူညီပေးတာတွေရှိသလို ဈေးဝယ်စင်တာတွေမှာလည်း ဖုန်းအားသွင်းနေတာတွေ တွေ့ရပါတယ်။

ရောင်နီ/ People’s Spring

ရန်ကုန်မြို့မှာ မီးပျက်ချိန် ကြာမြင့်နေတာကြောင့် ပြည်သူအချင်းချင်း ဖုန်းတွေအားသွင်းဖို့ ကူညီပေးတာတွေရှိသလို ဈေးဝယ်စင်တာတွေမှာလည်း ဖုန်းအားသွင်းနေတာတွေ တွေ့ရပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်တွေ အပါအဝင် တိုင်းနဲ့ဒေသ အသီးသီးက ဆိုင်တွေက သူတို့ဆိုင်ဖွင့်ချိန်နဲ့ မီးစက်မောင်းချိန်တွေမှာ အားလာသွင်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ရန်ကုန်မှာတော့ ဈေးဝယ်စင်တာတွေမှာ အားသွင်းဖို့နေရာရှိတဲ့ဆိုင်တွေမှာလူတွေ ပြည့်နေသလို အားသွင်းဖို့ လုပ်ပေး‌ထားတဲ့နေရာတွေမှာလည်း စောင့်ဆိုင်းပြီး ဖုန်းအားဖြည့်နေကြတာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြို့ထဲမှာဆိုရင် ဆူးလေစကွဲ ရဲ့အောက်ထပ်က Season ကော်ဖီဆိုင်၊ ဂျန်းရှင်းစီးတီးရဲ့ ငါးလွှာက အားသွင်းဖို့လုပ်ပေးထားတဲ့နေရာတွေမှာ လူတွေပြည့်နေခဲ့ပါတယ်။

Season ဆိုင်မှာဆိုရင် တချို့က လက်ပ်တော့တွေနဲ့ကို အလုပ်လုပ်နေတာကြောင့် အားသွင်းတဲ့နေရာမှာ မထိုင်ခဲ့ရဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြေနီကုန်း ဒဂုံစင်တာမှာတော့ ဒဂုံစင်တာ ၂ ရဲ့ ပထမထပ်မှာ အားသွင်းခုံတွေနဲ့ကို ဖုန်းအားသွင်းနေသူတွေကို တွေ့ရပါတယ်။

တခြားစင်တာတွေမှာလည်းဒီလိုနေရာတွေရှိနိုင်သလို လှည်းတန်းမှာ အသစ်ဖွင့်ထားတဲ့ M Tower မှာတော့ စားသောက်တန်းမှာ အားသွင်းဖို့ နေရာ အများအပြားလုပ်ပေးထားတာက ဒီကာလနဲ့ အဆင်ပြေနေပါတယ်။

အားသွင်းပလက်ပေါက်တွေမှာ တစ်ဦးကို တစ်နာရီပဲ အားသွင်းဖို့ ၊ အားနည်းနေသူကို ဦးစားပေးဖို့ အသိပေးစာတွေ ရေးသားထားပေမယ့် အချို့က ဖုန်းအားပြည့်ရုံတင်မဟုတ်ပဲ ပါဝါဘန့်တွေပါ အားပြည့်အောင်သွင်းနေတာတွေ့ခဲ့ရပါတယ်။

အာဏာသိမ်းထားတဲ့ ကာလမှာ အရာရာကို တန်းစီဝယ်ယူနေရသလို ဒီတစ်ခါအလှည့်ကျတာကတော့ ဖုန်းအားသွင်းဖို့ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ဓာတ်အားပေးနိုင်ဖို့ အဆင်မပြေတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့မှာ အုပ်စုခြောက်စုခွဲပြီး တစ်ရက်ကိုလေးနာရီမီးပေးမယ်လို့ လျှပ်စစ်ဌာနက ကြေညာထားပါတယ်။

လျှပ်စစ်မီးတွေက မတ်လ ၂၈ ရက် ငလျင်လှုပ်ပြီးတဲ့ အချိန်ကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြတ်တောက်ခဲ့တာဖြစ်ပြီး နယ်ဘက်တွေမှာတော့ လက်ရှိအချိန်အထိ မီးမရသေးဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။