Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးအတွက် တော်လှန်အနုပညာရှင်တွေရဲ့ အလှူ

ပြည်သူထောင်နဲ့ချီသေဆုံးခဲ့တဲ့ ငလျင် ကြောင့် ဒုက္ခ‌ ရောက်နေသူတွေအတွက် အလှူငွေတွေလှူဒါန်းတဲ့ အကြောင်းကို တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းနဲ့ ပိုင်ဖြိုးသုတို့က အသိပေးထားပါတယ်။

ဆဏ်း / People’s Spring

ပြည်သူထောင်နဲ့ချီသေဆုံးခဲ့တဲ့ ငလျင် ကြောင့် ဒုက္ခ‌ ရောက်နေသူတွေအတွက် အလှူငွေတွေလှူဒါန်းတဲ့ အကြောင်းကို တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းနဲ့ ပိုင်ဖြိုးသုတို့က အသိပေးထားပါတယ်။

ဖြူဖြူကျော်သိန်းက လန်ဒန်မှာပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကရရှိခဲ့တဲ့ငွေတွေထဲက ကျပ်သိန်းတစ်ထောင်ကို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကို လှူဒါန်းခဲ့တယ်လို့ ရေးသားထားပါတယ်။

“Disaster ဖြစ်မှရယ် မဟုတ်၊ လိုအပ်တဲ့နေရာတွေ ကတော့အများကြီးပါ။ သိန်းတစ်ထောင်ဆိုတာလည်း လိုအပ်နေတာနဲ့ယှဉ်ရင် နည်းနည်းလေးပါ။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအကူအညီတွေ တရားဝင်မရနိုင်ရှာတဲ့ နေရာတွေကိုပဲ အဓိကထားပြီး ကူပါရစေနော်။” လို့ဖြူဖြူကျော်သိန်းက ‌ပြောပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ သူမရဲ့ အကယ်ဒမီရုပ် ကမ်ပိန်းကနေ ရရှိတဲ့ငွေတွေထဲက ငလျင်အတွက် သိန်းငါးရာလှူဒါန်းခဲ့တယ်လို့ အသိပေးလာတာပါ။

” အကယ်ဒမီရုပ်”ကမ်ပိန်း ပြုလုပ်ခဲ့ရတဲ့ရည်ရွယ်ချက်ကလည်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့ပါ။ အခု ငလျင်ဒဏ်သင့်ဒေသတွေကို ဒီကမ်ပိန်းကနေ သိန်း (၅၀၀) ကူညီသွားဖို့ စီစဉ်နေပါတယ်။ ပါဝင်ကူညီကြသူ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။” လို့ ပိုင်ဖြိုးသုကပြောပါတယ်။

ဒါ့အပြင် ဖြူဖြူကျော်သိန်းက ဧပြီ ၅ရက်နေ့ ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ ဖျော်ဖြေ‌ပွဲမှာ လွတ်မြောက်နယ်မြေက ငလျင်ဒဏ်ခံစားရသူတွေအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး အမှတ်တရပစ္စည်းသုံးမျိုးကို လေလံတင်သွားမယ်လို့ Phyu Phyu in Australia ကအသိပေးထားပါတယ်။

လေလံတင်မယ့် ပစ္စည်းတွေကတော့ ဖြူဖြူကျော်သိန်း ကိုယ်တိုင်တီးခတ်ပြီး လက်မှတ်ရေးထိုးထားတဲ့ ဂစ်တာတစ်လက် ၊ ထားထက်ထက် ကိုယ်တိုင်ထိုးထားတဲ့ handmade တစ်ချောင်းထိုးအရုပ်တစ်ရုပ် နဲ့ မငြိမ်းငြိမ်းကျော် လှူဒါန်းထားတဲ့ ကံကော်ပင် တစ်ပင် ပါဝင်တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။