Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့၌ တစ်ရက် ၄နာရီမီးပေးမည့် အချိန်ဇယား ထုတ်ပြန်

ရန်ကုန်မြို့၌ တစ်ရက်လျှင် ၄နာရီမီးပေးမည့် အလှည့်ကျ အချိန်ဇယားကို YESC Call Center က ယနေ့(မတ်လ ၂၉ ရက်) ညတွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့၌ မီးပြတ်နေသည်ကို တွေ့ရစဉ်နှင့် မီးပေးမည့် အချိန်ဇယား။ ဓာတ်ပုံ - CJ

မတ်-၂၉၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၌ တစ်ရက်လျှင် ၄နာရီမီးပေးမည့် အလှည့်ကျ အချိန်ဇယားကို YESC Call Center က ယနေ့(မတ်လ ၂၉ ရက်) ညတွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့၌ မီးပြတ်နေသည်ကို တွေ့ရစဉ်နှင့် မီးပေးမည့် အချိန်ဇယား။ ဓာတ်ပုံ – CJ

ရန်ကုန်မြို့ရှိ မြို့နယ်များကို A မှ F အထိ အုပ်စုခြောက်ခုခွဲ၍ မတ်လ ၂၉ ရက် နံနက် ၅ နာရီမှစတင်မီးပေးနေခြင်းဖြစ်ပြီး မီးပေးအချိန်ဇယားဟုဆိုကာ အချိန်အမှားများနှင့် ဇယားပြန့်နှံ့ပြီးနောက် ယင်းကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းစနစ်ဖြင့် မီးပေးမည့် ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိသော်လည်း အချိန်ဇယား၌ ဧပြီ ၄ ရက်အထိ ဖော်ပြထားသည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ ရက်က အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဓာတ်အားပေးရေးလုပ်ငန်းများထိခိုက်ခဲ့ပြီး ရန်ကုန်မြို့ရှိ Gas Turbine ဖြင့် ဓာတ်အားခွဲပေးနေခြင်းဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံး ငလျင်လှုပ်သည့် အချိန်မှစတင်၍ မီးမရရှိခဲ့ခြင်းဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများတွင် မီးရရှိခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“နှစ်ရက်လောက်ပျက်မယ်ပြောတယ်” ဟု ပြည်မြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

နိုင်ငံတော်ဓာတ်အားပေးစနစ်များ ပြန်လည်လည်ပတ်နိုင်ပါက ယခင်ပေးနေကြစနစ်အတိုင်း မီးပေးမည်ဟု YESC Call Centerက အသိပေးထားသည်။

ယခင်က ရန်ကုန်မြို့ရှိ ခရိုင်လေးခုအနက် အနောက်ပိုင်းခရိုင်တစ်ခုသာ လေးနာရီမီးပေး လေးနာရီမီးပျက်စနစ်ဖြင့် မီးပေးနေပြီး အခြားခရိုင်များကို ၄နာရီမီးပေး ၈နာရီမီးပျက်စနစ်ဖြင့် အလှည့်ကျမီးပေးနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။