Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင် ၂၀၀ကျော်သေဆုံးဟု အစ္စလာမ်သာသနာရေးရာကောင်စီ ပြော

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောကြားပါတယ်။

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီပြိုကျမှုအပြီး မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

■စက်ယန္တရားများအသုံးပြု ကယ်ဆယ်ရေးမလုပ်နိုင်၍ သေဆုံးမှုထပ်တိုးလာနိုင်ဟုဆို

မတ်-၂၉၊၂၀၂၅။ဒီဒီး၊သတိုး/People’s Spring

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောကြားပါတယ်။

မန္တလေးမြို့မှာ ဗလီ ၄၀ကျော်ရှိတဲ့အနက် ၃၀ကျော်မှာ ထိခိုက်ပျက်စီးခဲ့ပြီး ၁၀လုံးခန့်မှာ အလုံးစုံပြိုကျခဲ့တယ်လို့ ဦးခင်မောင်သန်းက ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

” တချို့ဟာတွေကျ‌ တော့ ဗလီတွေက သိတဲ့အတိုင်းအဆောက်အဦးက ဟောင်းတာကိုး။ အစိုးရအဆက်ဆက်ကလည်း ပြင်ခွင့်သိပ်မပေးတော့ အဆောက်အဦးတွေက အိုပြီးပြိုတာတွေများတယ်။”လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)မှ ဦးခင်မောင်သန်းက ပြောပါတယ်။

ဗလီပြိုကျလို့ သေဆုံးမှုတွေထဲက အမရပူရဗလီ ပြိုကျမှုတစ်ခုတည်းမှာဘဲ လူ၁၅၀ကျော် သေဆုံးခဲ့ရပြီး အမြောက်တန်းဗလီပြိုကျမှုမှာ လူ ၃၀ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

” ရွှေဘုန်းရှိန်ဗလီက ၅ ဦးသေတယ်။ ကျန်တဲ့ဗလီတွေရောပေါင်းလိုက်ရင် ဗလီပြိုလို့သေဆုံးမှုက ၂၀၀ ကျော်နဲ့ ၃၀၀ကြား‌ လောက်မှာရှိတယ်”လို့ ဦးခင်မောင်သန်းက ပြောပါတယ်။

ထို့အပြင် စစ်ကိုင်းမြို့တွင်လည်း ဗလီ လေးခုရှိအနက် သုံးခုပြိုကျခဲ့ပြီး လက်တလောစာရင်းအရ သေဆုံးသူ ၃၅ဦး ရှိနေတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ပြောပါတယ်။

” စစ်ကိုင်းမှာက နာရေးတွေက သဂြိုလ်လို့မရတော့ မနက်က ၁၅ ခုယူလာတယ်။Dead Body ပေါ့။ စစ်ကိုင်းမွတ်စလင် ဗလီတွေ ‌ထဲမှာသေသွားတဲ့ဟာ၊ ဗလီတွေထဲမှာ ဘယ်လောက်လောက်ဖြစ်တုန်းမေးလိုက်တော့ မနေ့ကရယ် ဒီနေ့ရယ်ပေါင်းလိုက်ရင် စစ်ကိုင်း ဗလီတွေထဲမှာ ကွယ်လွန်သေဆုံးတဲ့သူ ၃၅ ယောက်လောက်ဖြစ်နေတယ်လို့သိရတယ်”လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ပြောပါတယ်။

ဒါပေမယ့် အဆောက်အဦးပြိုကျမှုတွေအပေါ် စက်ယန္တရားတွေအသုံးပြုပြီး ကယ်ဆယ်ရေးမလုပ်နိုင်တာကြောင့် လူသေဆုံးမှုတွေ ထပ်တိုးလာနိုင်တယ်လို့လည်း အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ပြောပါတယ်။

” တချို့ဟာတွေကဖော်မရဘူး။ အစိုးရကလည်း ကူညီမှု ယန္တရားတွေတွေမ‌ ပေးနိုင်ဘူး။ ပုဂ္ဂလိကယန္တရားကလည်းမရဘူး။ ကျွန်‌တော်တို့က တစ်နိုင်တစ်ပိုင်တူးနေရတာဆိုတော့ ထိရောက်မှုအား နည်းတယ်။ နောက်ထပ် Dead Body တွေက ဆက်ဆက်ထွက်နေတယ်။ထွက်နေတယ်ဆိုတော့ သေဆုံးမှုကတော့များတယ်။ အတိအကျတော့မသိနိုင်ဘူး။နောက်ထပ်ထပ်ပြီး ထွက်လာနိုင်ခြေရှိတယ်”လို့ ဦးခင်မောင်သန်းက ပြောပါတယ်။

စက်ယန္တရားအကူအညီမရတဲ့ ပြဿနာက စိန်ခေါ်မှုကြီး‌ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုတွေနဲ့ထပ်တူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းကြေကွဲရတယ်လို့လည်း အဲဒီအသင်းကြီးက ထုတ်ပြန်ထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ မြေငလျင်ဘေးသင့်ပြည်သူတွေ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လည်းကောင်း၊ ဆေးဝါးစားနပ်ရိက္ခာနဲ့ အသုံးအဆောင်ထောက်ပံ့ရေးလုပ်ငန်းတွေမှာ လည်းကောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လည်းကောင်း တတ်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်ကြဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုတဲ့အလုပ် လာလုပ်နေတဲ့ ချောင်းဦးက စစ်ရှောင်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။