Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင် ၂၀၀ကျော်သေဆုံးဟု အစ္စလာမ်သာသနာရေးရာကောင်စီ ပြော

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောကြားပါတယ်။

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီပြိုကျမှုအပြီး မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

■စက်ယန္တရားများအသုံးပြု ကယ်ဆယ်ရေးမလုပ်နိုင်၍ သေဆုံးမှုထပ်တိုးလာနိုင်ဟုဆို

မတ်-၂၉၊၂၀၂၅။ဒီဒီး၊သတိုး/People’s Spring

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောကြားပါတယ်။

မန္တလေးမြို့မှာ ဗလီ ၄၀ကျော်ရှိတဲ့အနက် ၃၀ကျော်မှာ ထိခိုက်ပျက်စီးခဲ့ပြီး ၁၀လုံးခန့်မှာ အလုံးစုံပြိုကျခဲ့တယ်လို့ ဦးခင်မောင်သန်းက ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

” တချို့ဟာတွေကျ‌ တော့ ဗလီတွေက သိတဲ့အတိုင်းအဆောက်အဦးက ဟောင်းတာကိုး။ အစိုးရအဆက်ဆက်ကလည်း ပြင်ခွင့်သိပ်မပေးတော့ အဆောက်အဦးတွေက အိုပြီးပြိုတာတွေများတယ်။”လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)မှ ဦးခင်မောင်သန်းက ပြောပါတယ်။

ဗလီပြိုကျလို့ သေဆုံးမှုတွေထဲက အမရပူရဗလီ ပြိုကျမှုတစ်ခုတည်းမှာဘဲ လူ၁၅၀ကျော် သေဆုံးခဲ့ရပြီး အမြောက်တန်းဗလီပြိုကျမှုမှာ လူ ၃၀ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

” ရွှေဘုန်းရှိန်ဗလီက ၅ ဦးသေတယ်။ ကျန်တဲ့ဗလီတွေရောပေါင်းလိုက်ရင် ဗလီပြိုလို့သေဆုံးမှုက ၂၀၀ ကျော်နဲ့ ၃၀၀ကြား‌ လောက်မှာရှိတယ်”လို့ ဦးခင်မောင်သန်းက ပြောပါတယ်။

ထို့အပြင် စစ်ကိုင်းမြို့တွင်လည်း ဗလီ လေးခုရှိအနက် သုံးခုပြိုကျခဲ့ပြီး လက်တလောစာရင်းအရ သေဆုံးသူ ၃၅ဦး ရှိနေတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ပြောပါတယ်။

” စစ်ကိုင်းမှာက နာရေးတွေက သဂြိုလ်လို့မရတော့ မနက်က ၁၅ ခုယူလာတယ်။Dead Body ပေါ့။ စစ်ကိုင်းမွတ်စလင် ဗလီတွေ ‌ထဲမှာသေသွားတဲ့ဟာ၊ ဗလီတွေထဲမှာ ဘယ်လောက်လောက်ဖြစ်တုန်းမေးလိုက်တော့ မနေ့ကရယ် ဒီနေ့ရယ်ပေါင်းလိုက်ရင် စစ်ကိုင်း ဗလီတွေထဲမှာ ကွယ်လွန်သေဆုံးတဲ့သူ ၃၅ ယောက်လောက်ဖြစ်နေတယ်လို့သိရတယ်”လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ပြောပါတယ်။

ဒါပေမယ့် အဆောက်အဦးပြိုကျမှုတွေအပေါ် စက်ယန္တရားတွေအသုံးပြုပြီး ကယ်ဆယ်ရေးမလုပ်နိုင်တာကြောင့် လူသေဆုံးမှုတွေ ထပ်တိုးလာနိုင်တယ်လို့လည်း အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ပြောပါတယ်။

” တချို့ဟာတွေကဖော်မရဘူး။ အစိုးရကလည်း ကူညီမှု ယန္တရားတွေတွေမ‌ ပေးနိုင်ဘူး။ ပုဂ္ဂလိကယန္တရားကလည်းမရဘူး။ ကျွန်‌တော်တို့က တစ်နိုင်တစ်ပိုင်တူးနေရတာဆိုတော့ ထိရောက်မှုအား နည်းတယ်။ နောက်ထပ် Dead Body တွေက ဆက်ဆက်ထွက်နေတယ်။ထွက်နေတယ်ဆိုတော့ သေဆုံးမှုကတော့များတယ်။ အတိအကျတော့မသိနိုင်ဘူး။နောက်ထပ်ထပ်ပြီး ထွက်လာနိုင်ခြေရှိတယ်”လို့ ဦးခင်မောင်သန်းက ပြောပါတယ်။

စက်ယန္တရားအကူအညီမရတဲ့ ပြဿနာက စိန်ခေါ်မှုကြီး‌ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုတွေနဲ့ထပ်တူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းကြေကွဲရတယ်လို့လည်း အဲဒီအသင်းကြီးက ထုတ်ပြန်ထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ မြေငလျင်ဘေးသင့်ပြည်သူတွေ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လည်းကောင်း၊ ဆေးဝါးစားနပ်ရိက္ခာနဲ့ အသုံးအဆောင်ထောက်ပံ့ရေးလုပ်ငန်းတွေမှာ လည်းကောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လည်းကောင်း တတ်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်ကြဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။