Hi, what are you looking for?
လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်ဖြစ်စဉ်တွေလို့ပြောလိုက်တာနဲ့ အဲဒီဖြစ်စဉ်တွေကို ဇာတ်ကြောင်း ပြန်ပြောစရာမလိုအောင် ကျွန်တော်တို့မှတ်ဉာဏ်တွေထဲမှာ မှတ်မှတ်သားသားရှိနေကြပါတယ်။ ဘာဖြစ်လို့လဲလို့ မေးလာရင်တော့ လက်မရွံ့စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုက ကမ်းကုန်နေလို့ပဲလို့ ဖြေပါမယ်။
ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။
ပြည်သူ့အစိုးရဆီက အာဏာသိမ်းထားတာ ၅ လလောက်ရှိလာပေမယ့် ပြည်တွင်းမှာရော ၊နိုင်ငံတကာမှာပါ အသိ့အမှတ်ပြုမခံရတဲ့ အာဏာလုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူတို့ရဲ့ လက်နက်ဖောက်သည် ရုရှား ခရီးစဥ်မှာ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး ဘယ်လောက်နိမ့်ကျတယ်ဆိုတာ ပြသခဲ့တဲ့အချက် ၂ ချက်ရှိပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ရှယ်ယာဝင်ထားသောမိုဘိုင်းဖုန်းတာဝါတိုင်များ ဆောက်လုပ်နေနေသော Pinnacle Asia ကုမ္ပဏီနှင့် MyTel ၊ ကမ္ဘာ့ဘဏ်လက်အောက်ရှိ IFC ၊ ဦးသိမ်းဝေပိုင်ဆိုင်သော ရိုးမဘဏ် ၊ ဦးတေဇ၏ AGD ဘဏ်တို့ကြား လျှိုဝှက်သော အကျိုးစီးပွားဆက်သွယ်မှုများကို Justice for...