ဂီဒေါင်ဘရန်း
အောက်ပြည်အောက်ရွာအထိတိုက်ပွဲဝင်ဖို့ရွေးချယ်ခြင်းခံရတဲ့အချိန်စိတ်ထဲမှာဘဝင်တော့သိပ်မကျပေမဲ့တာဝန်အရဆိုတော့လည်းငြင်းဆန်လို့မရတဲ့အဆုံး အမိမြေကချင်ပြည်နယ်ကြီးကိုစွန့်ခွာကာရေစိမ်းမြေစိမ်း တစ်ကြိမ်တစ်ခါမျှအိမ်မက်ပင်မမက်ခဲ့ဖူးသောအောက်ပြည်အောက်ရွာသို့စစ်ချီခဲ့ပါတယ်။ကချင်ပြည်နယ်မှစစ်ကိုင်းတိုင်းအထိသွားရတာခက်ခဲမှုပေါင်းများစွာနဲ့ပါ။
ကျွန်တော်တို့သွားခဲ့တဲ့အောက်ပြည် အောက်ရွာခရီးလမ်းတစ်လျှောက်လက်သီးလက်မောင်းသန်းကာအရေးတော်ပုံအောင်ရမည်ဆိုပြီးရွာတိုင်းလိုလို အသံကုန်အော်ဟစ်သောအသံများ၊….ကျွန်တော်တို့ကိုကယ်တင်ရှင်ကြီးများလိုအားကိုးနေသောမျက်လုံးများ၊ စားစရာ ငှက်ပျောသီး ၊မုန့်ဖက်ထုတ် မုန့်မျိုးစုံ၊ ဖျော်ရည် ၊ဆေးပေါလိပ် လမ်းတစ်လျှောက်ဧည့်ခံပေးသောရွာသားများ၏စေတနာနှင့်ချစ်ခြင်းမေတ္တာများ..ထမင်းစားသွားဖို့အကြိမ်ကြိမ်ခေါ်ကာသားတို့ရယ် စခများကိုနိုင်အောင်တိုက်ပေးပါနော်။ အမေကြီးတို့ရှိသမျှစည်းစိမ်ပြုတ်ရင်ပြုတ်ပါစေ..ခံရဲပါတယ်။ အခုလည်းအိမ်မရှိတော့ဘူးဒီကောင်တွေကိုနိုင်အောင် အမြစ်ပြတ်အောင်တိုက်ပေးကြတဲ့..
အခုအချိန်မှာသူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်ဟာကျွန်တော်တို့ကချင်ပြည်သူတွေထက်အဆပေါင်းများစွာအားကြီးနေတာတွေ့ရတော့ ကျွန်တော်တို့KIAရဲဘော်များနှင့်PDFများတိုက်ပွဲဝင်ဖို့ပိုပြီးတာဝန်ကြီးသလို အားအင်တွေလည်းတက်ခဲ့ရပါတယ်။စစ်ကိုင်းတိုင်းမှာနေရတာကျွန်တော်တို့ကချင်ပြည်နယ်ထက်နည်းနည်းတော့ပူပေမယ့် ပြည်သူများ၏မေတ္တာစေတနာများ ကြောင့်အေးမြပါတယ်။သူတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေကိုတွေ့မြင်ပြီးကျွန်တော့တို့နုလုံးသားတွေလည်းတို့ထိကာ ကိုယ်စွမ်းရှိသမျှအဆုံးထိတိုက်ပွဲဝင်ဖို့အားခဲထားကြပါတယ်။

Public Service Announcement
ပင်လည်ဘူးတိုက်ပွဲဟာနှစ်ဦးနှစ်ဘက်အကြိတ်အနယ်တိုက်ခဲ့ရတဲ့တိုက်ပွဲပါ။နှစ်ရက်အတွင်းရန်သူများမှလေယာဥ်ဖြင့်ဆယ်ကြိမ်မကဗုံးကျဲတိုက်ခိုက်ခဲ့ကြတယ်။လက်နက်ကြီးငယ်အမြှောက်မော်တာအစုံဖြင့်တိုက်ခိုက်ခဲ့ကြတယ်။ကျွန်တော်တို့ဘက်မှာလည်းရှိသမျှလက်နက်များဖြင့်အားကုန်၊ယမ်းကုန်တိုက်ခိုက်ခဲ့ကြတယ်။လေယာဥ်ဗုံးကျဲအနိုင်ကျင့်တိုက်ခိုက်မှုကြောင့်သာ ဤတိုက်ပွဲမှာ KIA နှင့် PDFရဲဘော်များ၏အသက်များပေးဆပ်ခဲ့ယုံမကထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ပါတယ်။ ရန်သူဘက်မှလည်းတော်တော်အထိနာသည့်ပွဲပါ.၎င်းတို့၏လက်နက်ခဲယမ်းများနှင့်ရိက္ခာပစ္စည်းအမြောက်အများကိုလည်းသိမ်းပိုက်ရရှိခဲ့ပါတယ်။
ကျွန်တော်တို့ဘက်မှ အားနည်းချက်မှာ နာကြည်းချက်များထပ်ခါထပ်ခါ စုပုံနေပြီဖြစ်သော ပြည်မဘက်မှ PDFလူငယ်များ၏စိတ်အားထက်တန်မှုနှင့်စိတ်ဓါတ်တတ်ကြွမှုကိုထိန်းချုပ်ဖို့ခက်ခဲခြင်း ။စစ်ကိုင်းတိုင်းတစ်လျှောက်မြို့ရွာများမှပြည်သူများ၏ဆုံးရှုံးမှုပေးဆပ်အနစ်ခံမှုများနှင့် နိုင်အောင်တိုက်ပေးကြပါနော်သားလေးတို့ရယ်…ဆိုသည့်ရင်ကွဲသံများကြောင့် မိမိတို့အထက်ခေါင်းဆောင်များကဆုတ်ဆိုသော်လည်းနာခံမှုမရှိနိုင်တော့ဘဲရှေ့တိုးတိုက်ခိုက်ခဲ့ကြခြင်းတို့ကြောင့်ဖြစ်သည်။…နောက်နောင်တိုက်ပွဲများတွင်ခံစားချက်ကိုရှေ့တန်းအလွန်အမင်းမထားမိဖို့..အထက်အမိန့်ကိုနာခံဖို့ ကျွန်တော်တို့၏အဖိုးတန်လှသည့်အသက်များဖြင့်စတေးကာ မျက်ရည်များနှင့်အတူသင်ခန်းစာရရှိခဲ့တဲ့တိုက်ပွဲပါ။
Crd. LSLH


















































