Connect with us

Hi, what are you looking for?

အတွေးအမြင်

မြန်မာပြည်သူ​တွေက စစ်​ကောင်စီနဲ့ရုရှားနှာနုဖြတ်ရိုက်ခဲ့တဲ့​နေ့

မြန်မာ့နိုင်ငံ​ရေး​စောင့်ကြည့်​လေ့လာသူလည်းဖြစ် ၊မြန်မာ​နွေဦး​တော်လှန်​ရေးအတွက်ကူညီသူလည်းဖြစ် ၊နိုင်ငံ​ရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ချက်နိုင်ငံက မစ္စတာအီ​​ဂေါဗလာဇီဗစ်က​တော့ ဒါနဲ့ပတ်သပ်ပြီး​အောက်ပါအတိုင်းဂုဏ်ပြု​ရေးသားထားပါတယ်။

ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံ အ​ရေး​ပေါ်အစည်းအ​ဝေးမှာအကြမ်းဖက်မြန်မာစစ်​ကောင်စီအတွက်အဓိကလက်နက်​တွေပံ့ပိုး​ပေးခဲ့တဲ့ရုရှားနိုင်ငံက ယူကရိန်းကျူး​ကျော်စစ်​နဲ့ယူကရိန်းပြည်သူ​တွေအ​ပေါ် စစ်ရာဇဝတ်မှုကျူးလွန်တာ​တွေကြောင့်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်က​နေဆိုင်းငံ့ခဲ့တာမှာ မြန်မာနိုင်ငံကအဓိက​နေရာကပါဝင်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ကုလသမဂ္ဂရဲ့သမိုင်းဝင်ဆုံးဖြတ်ချက်ချတဲ့​နေ့ဧပြီ ၇ ရက်မှာ ဖက်ဒရယ်ဒီမိုက​ရေစီအတွက် အကြမ်းဖက်စစ်​ကောင်စီကိုခုခံတွန်းလှန်​နေတဲ့ မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်က​နေ ရုရှားကိုဆိုင်းငံ့ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ပူးတွဲအဆိုရှင်နိုင်ငံဖြစ်ခဲ့သလို၊မဲခွဲဆုံးဖြတ်တာမှာလည်းထောက်ခံမဲပေးခဲ့တာပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရကခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုပြီ ဧပြီ ၇ ရက်မဲ​ပေးမှုမှာ ​ထောက်ခံမဲ​ပေးခဲ့တာ​ကြောင့်ဖြစ်ပါတယ်။

ဒါက အာဏာလုအကြမ်းဖက်စစ်​ကောင်စီနဲ့ ရုရှားတို့အတွက်​တော့ နှာနုဖျက်ရိုက်ခံရတာပါ။ အကြမ်းဖက်စစ်​ကောင်စီက ရုရှားရဲ့ကျူး​ကျော်စစ်ကို​ထောက်ခံတယ်လို့​ပြောထား​ပေမယ့်တရားဝင်အစိုးရမဟုတ်တဲ့အတွက် ကုလစင်မြင်မှာ​တော့ သူတို့ရဲ့ အားကိုးတဲ့ ရုရှားအကြိုက် လိုက်မဲ​ပေးမျက်နှာလုပ်ခွင့်မရပါဘူး။ သူ့အစားပြည်သူ့ကိုယ်စားလှယ်က ရုရှားကိုဆန့်ကျင်မဲ​ပေးသွားလို့ မခံချီမခံသာဖြစ်​နေမှာပါ။ ရုရှားအတွက်လည်း သူ့အတွက် ​ထောက်ခံမဲလို​နေတဲ့အချိန်မှာ ဖက်ဒရယ်ဒီမိုက​ရေစီအတွက်တိုက်ပွဲဝင်​နေတဲ့ နိုင်ငံငယ်​လေးက သူ့ကိုဆန့်ကျင်ပြီး အမှန်တရားအတွက် မဲ​ပေးသွားတာက နှာနုဖြတ်အခံရသလိုဖြစ်​နေမှာ​ပါ။

​အောက်ကနှစ်ပုံကို ​သေချာကြည့်ရင် ၊အာရှနိုင်ငံ​တွေရဲ့မဲ​ပေးတာ​တွေကို ယှဥ်ကြည့်ရင် မြန်မာနိုင်ငံက အမှန်တရားအတွက်ယူကရိန်းနိုင်ငံနဲ့ပြည်သူ​တွေကိုစာနာပြီးမဲ​ပေးခဲ့တာအင်မတန်ရဲရင့်တယ်ဆိုတာသိ့သာ​စေပါတယ်။အာရှတိုက်မှာဆိုရင်နိုင်ငံအများစုက ကြား​နေမဲ​ပေးကြတာဖြစ်ပါတယ်။ရုရှားကို လူ့အခွင့်အ​ရေး​ကောင်စီအဖွဲ့ဝင်အဖြစ်က​နေမဆိုင်းငံ့ဖို့မဲ​ပေးကြတဲ့ နိုင်ငံကအာရှတိုက်မှာ ဆိုင်းငံ့ဖို့မဲ​ပေးတာထက်ပိုများ​ပေမယ့် ဂျပန် ၊​​တောင်ကိုရီးယား၊ ဖိလစ်ပိုင်တို့နဲ့အတူ မြန်မာကရဲရဲရင့်ရင့်မဲ​ပေးခဲ့တာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအ​နေနဲ့လည်းအမှန်တရားနဲ့မျှတမှုအတွက် မဲ​ပေးသူများတာ​ကြောင့်ရုရှားကိုဆိုင်းငံ့ဖို့မဲခွဲမှုဟာ ​ထောက်ခံမဲ ၉၃ နိုင်ငံ ၊ ကြား​နေမဲ ၅၈ နိုင်ငံ ၊ကန့်ကွက်မဲ ၂၄ နိုင်ငံနဲ့ ရုရှားနိုင်ငံကို ကုလလူအခွင့်အ​ရေး​ကောင်စီအဖွဲ့ဝင်အဖြစ်က​နေ ဆိုင်းငံ့လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)နဲ့မြန်မာအမြဲတမ်ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က ​ရှေ့မှာလည်း ယူကရိန်းနိုင်ငံကိုစာနာ​ကြောင်း ယူကရိန်ပြည်သူ​တွေနဲ့အတူရပ်တည်​ကြောင်းသ​​ဘောထားထုတ်ပြန်ခဲ့သလို၊ ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ ကျူး​ကျော်သူရုရှားကို
ကန့်ကွက်​ရှုတ်ချကြောင်းမဲခွဲတုန်းကလည်း ယူကရိန်နိုင်ငံဘက်ကမဲ​ပေးခဲတာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံ​ရေး​စောင့်ကြည့်​လေ့လာသူလည်းဖြစ် ၊မြန်မာ​နွေဦး​တော်လှန်​ရေးအတွက်ကူညီသူလည်းဖြစ် ၊နိုင်ငံ​ရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ချက်နိုင်ငံက မစ္စတာအီ​​ဂေါဗလာဇီဗစ်က​တော့ ဒါနဲ့ပတ်သပ်ပြီး​အောက်ပါအတိုင်းဂုဏ်ပြု​ရေးသားထားပါတယ်။

“မြေပုံပေါ်က အပြာရောင် အမှတ်အသားဟာ ခရီးနှင်ဆဲ မြန်မာ့တော်လှန်ရေးကိုကိုယ်စားပြုတယ်။
အောက်ကမြေပုံမှာ အာရှဒေသကိုကြည့်ပါ။ ပမာဏကြီးမားတဲ့ အနီနဲ့ အဝါကြားမှာ အပြာရောင်အမှတ်ကလေးကိုသတိပြုမိကြမှာပါ။

အဲဒီအပြာရောင်အမှတ်ကလေး တည်ရှိနေတာဟာ ပြည်သူတွေနဲ့ ကလေးငယ်တွေကို သတ်ဖြတ်၊ ညှင်းပန်းနှိပ်စက်မုဒိန်းကျင့်၊ မြို့တွေ ရွာတွေကို ဗုံးကြဲ လုယက်ဖျက်ဆီး၊ (ယူကရိန်းက ရုရှားစစ်တပ်လို )လူ့အသက်ကို မလေးစား၊ရက်စက်ရိုင်းပျတဲ့ မြန်မာစစ်တပ်ကြောင့်မဟုတ်ပါ။

မြေပုံပေါ်က အပြာမှတ်ကလေးဟာ တနှစ်ကျော်ကြာတဲ့အထိ စစ်တပ်ကိုရဲရင့်စွာ အံတုနေတဲ့ မြန်မာပြည်သူတွေကြောင့် ရှိနေတာ။ အရင်ဒီမိုကရက်တစ် အစိုးရလက်ထက်က ခန့်အပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကျယ်ပြန့်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုဘက်ကနေ ရပ်တည်လာတဲ့ သံအမတ်ကြီး ကျော်မိုးထွန်းကုလသမဂ္ဂမှာဆက်ပြီး ကိုယ်စားပြုနေတာကြောင့် ဒီအပြာမှတ်ကလေးရှိနေတာဖြစ်တယ်။

မြန်မာပြည်သူတွေနဲ့ သူ့တို့ရဲ့ တရားဝင်ကိုယ်စားလှယ်တွေဟာ ယူကရိန်းဘက်ကနေ ထောက်ခံရပ်တည်ကြပါတယ်။ “

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။