Connect with us

Hi, what are you looking for?

ဆောင်းပါး

ဖိအားတွေကြားကအာဂျင်တီးနားအသင်းရဲ့ တည်ငြိမ်တဲ့ဗိသုကာလိုင်ယွန်နယ် စကာလိုနီ (The Quiet Architect of Champions)

တည်ငြိမ်တိတ်ဆိတ်တဲ့ လူတစ်ယောက်ရဲ့ လက်ရာကတော့ ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးကို ကျယ်လောင်တဲ့ အံ့အားသင့်မှု တွေနဲ့ လှုပ်ခတ် စေခဲ့ပါတယ်။

– ဥဂ္ဂါ ရေးသားသည်။

တည်ငြိမ်တိတ်ဆိတ်တဲ့ လူတစ်ယောက်ရဲ့ လက်ရာကတော့ ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးကို ကျယ်လောင်တဲ့ အံ့အားသင့်မှု တွေနဲ့ လှုပ်ခတ် စေခဲ့ပါတယ်။

သူကတော့ ဆုဖလားတွေနဲ့ ဝေးကွာသွားခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းကို ကမ္ဘာ့ချန်ပီယံအဖြစ် ပြန်လည် တည်ဆောက် ပေးခဲ့သူ၊ အသင်းရဲ့ ဦးဆောင်သူ နည်းပြ လိုင်ယွန်နယ်စကာလိုနီ (Lionel Scaloni)ပဲဖြစ်ပါတယ်။

သူ့ကို ၁၉၇၈ ခုနှစ် မေလ ၁၆ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ ပူဟာတို (Pujato) မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ကစားသမားဘဝ တ‌လျှောက်မှာ ညာနောက်ခံလူ အဖြစ် ကစားခဲ့ပြီး စပိန်နဲ့ အီတလီကလပ်အသင်း တွေမှာ နှစ်ပေါင်းများစွာ ကစားခဲ့ဖူးပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်း အတွက်လည်း ၂၀၀၆ ကမ္ဘာ့ဖလား နဲ့ ၂၀၀၄ ကိုပါအမေရိက ဖလား ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် ကမ္ဘာက မှတ်မိတာက ကစားသမား ဘဝထက် နည်းပြဘဝကြောင့် ပိုများတယ်။

Public Service Announcement

Public Service Announcement

ပထမဆုံး အာဂျင်တီးနား လက်ရွေးစင်အ

သင်းနည်းပြ အဖြစ် ခန့်လိုက်တဲ့ ၂၀၁၈ ခုနှစ်မှာ လူအများစုက “အတွေ့အကြုံ မရှိတဲ့ ယာယီနည်းပြ” မို့ အားကိုးလို့ ရပါ့မလားလို့ မြင်ခဲ့ကြ ပါတယ်။ အဲဒီကာလတွေက အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုနဲ့ နီးစပ်ခဲ့တဲ့ အချိန်တွေရှိခဲ့ပေမယ့်ဗိုလ်လုပွဲတွေမှာ ဆုံးရှုံးခဲ့ရ တာတွေဖြစ်နေချိန်မို့ ဒီအသင်းကို သူဘယ်လိုဦးဆောင်နိုင်မှာလဲဆိုပြီး သံသယ ဝင်သူတွေလည်း များခဲ့ပါတယ်။

တစ်ချိန်က ကမ္ဘာ့ဘောလုံး အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့တဲ့အာဂျင်တီးနားဟာ၁၉၉၃ကိုပါ အ​မေရိကဖလားချန်ပီယံ အောင်မြင်မှု နောက်ပိုင်း အဓိက နိုင်ငံတကာ ဆုဖလားတွေနဲ့ နှစ်ပေါင်း ၂၀ ကျော် ဝေးကွာ နေခဲ့ရပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းမှာ အဓိကကစားသမား အဖြစ် နှစ်ပေါင်း များစွာ ရှိခဲ့ပေမယ့် –

၂၀၀၇ ကိုပါအ​မေရိကဖလား မှာ ဘရာဇီးကို ရှုံးနိမ့်ခဲ့တယ်။

၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂျာမနီကို အချိန်ပို သွင်းဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တယ်။

၂၀၁၅ ကိုပါအ​မေရိကဖလားဗိုလ်လုပွဲမှာ ချီလီကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တယ်။

၂၀၁၆ ကိုပါအ​မေရိကဖလားဗိုလ်လုပွဲ မှာလည်း ချီလီကိုပဲ ပင်တယ်တီအဆုံးအဖြတ်မှာထပ်မံ ရှုံးနိမ့်ခဲ့ ပါတယ်။မက်ဆီအတွက်​တော့ ၃ နှစ်ဆက် ဗိုလ်လုပွဲ သုံးခုမှာ ဆက်တိုက်ရှုံးနိမ့်ခဲ့တာပါ။ဒါ​ကြောင့် ၂၀၁၆ ကိုပါဖလားဗိုလ်လုပွဲ ရှုံးပြီး​နောက်မှ နိုင်ငံလက်​ရွေးစဥ်အသင်းကအနားယူ​တော့မယ်လို့​တောင်​​ပြောခဲ့ပါတယ် ။အာဂျင်တီးနားတစ်နိုင်ငံလုံးကမက်ဆီ နိုင်ငံအသင်းအတွက်ဆက်ကစားဖို့​တောင်းဆိုကြသလို တခြားနိုင်ငံက ကမ္ဘာ​ကျော်ကစားသမား​တွေ နည်းပြ​တွေက​တောင် မက်ဆီ အာဂျင်တီးနားကအနားမယူကြဖို့​တိုက်တွန်း​ပြောဆိုခဲ့ကြပါတယ်။

အဲဒီအထဲမှာ အခုအခါ အာဂျင်တီးနားရဲ့ အဓိကကွင်းလယ်ကစားသမား မက်ဆီရဲ့အသင်း​ဖော်ဖြစ်လာတဲ့ အန်ဇိုဖာနန်ဒက်စ်ရဲ့စာကနှလုံးသား​တွေကိုခပ်ပြင်းပြင်းထိခိုက်​စေခဲ့ပါတယ် ။

ဗိုလ်လုပွဲသုံးခုမှာ သုံးနှစ်ဆက်ရှုံးပြီး ​ဝေဖန်သူ​တွေရှိ​လည်း အနားမယူဖို့ ​ရေူထားတဲ့စာမှာမင်းဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားပါ။ ဝေဖန်သူတွေကို ဂရုမစိုက်ပါနဲ့။”မင်းက နိုင်ငံအသင်းအတွက်အများကြီး ပေးဆပ်ခဲ့တယ်။အရှုံးကြောင့် မင်းကို အပြစ်တင်သူတွေကြောင့် အနားမယူပါနဲ့။

ကျွန်တော်တို့ အာဂျင်တီးနားပရိသတ်တွေက မင်းကို လိုအပ်နေပါတယ်။လို့​အဲဒီတုန်းက အသက် ၁၅ နှစ်အရွယ်အန်ဇိုဖာနန်ဒက်စ်က​ရေးခဲ့တာပါ ။

“Gracias por favor no te vayas, Leo.” (Leo၊ ကျေးဇူးပြုပြီး မသွားပါနဲ့။”ပါနဲ့ဆိုတဲ့စာနဲ့ တစ်နိုင်ငံလုံးရဲ့ကိုယ်စား​ရေးခဲ့တဲ့အန်ဇိုဖာနန်ဒက်စ်ဟာ အခုအခါ မက်ဆီနဲ့အတူမြက်ခင်းစိမ်း​တွေမှာတိုက်ပွဲဝင်ရင် ၂၀၂၂ ကမ္ဘာ့ဖလား၊ ၂၀၂၄ ကိုပါအ​မေရိကဖလား​တွေဆွတ်ခူးထားပါပြီ။ဒုတိယ​မြောက်ကမ္ဘာ့ဖလာကိုဆွတ်ခူးနိုင်ဖို့လည်း ဗိုလ်လုပွဲ​ရောက်​နေပြီးအလွန်နီးစပ်​နေပါပြီ ။

အထူးသဖြင့် မက်ဆီကို မာရာဒိုနာ (Diego Maradona) နဲ့ နှိုင်းယှဉ်မှုတွေ အမြဲ ရှိခဲ့ပြီး မာရာဒိုနာက ၁၉၈၆ ကမ္ဘာ့ဖလားကို ရယူ ပေးခဲ့တာကြောင့် မက်ဆီအပေါ် “နိုင်ငံအသင်း အတွက်လည်း ဆုဖလား ယူပေးနိုင်မလား” ဆိုတဲ့ မျှော်လင့်ချက် ကြီးခဲ့ကြပါတယ်။

ဒါကြောင့် စကာလိုနီရောက်လာပြီးတဲ့နောက် အရေးကြီးဆုံး ပြောင်းလဲမှုက မက်ဆီတစ်ဦးတည်းအပေါ် မူတည်တဲ့ အသင်းကနေ မက်ဆီကို အကောင်းဆုံး ပံ့ပိုး ပေးနိုင်တဲ့ အရည်အသွေးမြင့် စည်းလုံးညီညွတ်တဲ့ အသင်းတစ်သင်း အဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ရဲ့အောင်မြင်မှုဟာနည်းဗျူဟာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကစားသမားတစ်ဦးချင်းရဲ့ အရည်အသွေးကို စည်းလုံး ညီညွတ်တဲ့အသင်းစွမ်းအားအဖြစ် ပေါင်းစပ် ပေးနိုင်ခဲ့တာ၊အပြန်အလှန် ယုံကြည်မှု၊ တာဝန်ယူမှုနဲ့ စိတ်ဓာတ်ကို တည်ဆောက် ပေးနိုင်ခဲ့တာကသာ စကာလိုနီရဲ့အကြီးမားဆုံး လက်ရာဖြစ်ပါတယ်။

အဲဒီရလဒ်ကို ဆုဖလားတွေက သက်သေ ပြနေပါတယ်။ သူ့လက်ထက်မှာ အာဂျင်တီးနားဟာ –

၂၀၂၁ ကိုပါအမေရိက (Copa América)

၂၀၂၂ ဖိုင်နယ်လစ်စီမာ (Finalissima)၊

၂၀၂၂ ကမ္ဘာဖလား (FIFA World Cup) နဲ့

၂၀၂၄ ကိုပါ အမေရိက (Copa América) ဆုဖလားတွေကို ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီး တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီရှိနေခဲ့ပေမယ့် မျှော်လင့်တဲ့ အောင်မြင်မှုတွေနဲ့ အကြိမ်ကြိမ် ဝေးကွာ နေခဲ့တဲ့ အာဂျင်တီးနားဟာ “ကမ္ဘာ့အကောင်းဆုံး ချန်ပီယံအသင်း” တစ်သင်း အဖြစ်ပြန်လည် ရပ်တည်လာ နိုင်ခဲ့ပါတယ်။

စကာလိုနီဟာအပြင်ပန်းမှာတည်ငြိမ်နေသလောက် အတွင်းမှာတော့ အရာရာကို သေချာ ထိုးထွင်း တွက်ချက်ထားသူပါ။ သူဟာ အနိုင်ရရင် ခုန်ပေါက် မနေသလို ရှုံးနေရင်လည်းမပြိုလဲပါဘူး။ ဖိအားအကြီးဆုံး အချိန်မှာတောင် စိတ်မပျက် စေတဲ့သူ။ အပြစ်မတင်ပဲ နည်းလမ်း ရှာပြီး အားပေးလေ့ ရှိသူပါ။

ဒီလိုလူတွေကို ဘောလုံးမှာတည်ငြိမ်စွာ ဖိအားကို ရင်ဆိုင်နိုင်သူ (Calm Under Pressure) လို့ ခေါ်ကြတယ်။

နည်းပြတစ်ယောက်အနေနဲ့လည်း သူဟာ အသင်းသားတွေကို အမိန့်ပေးတာမျိုး မဟုတ်ဘဲ လူကြီးလူကောင်း တစ်ယောက်လို ဆက်ဆံပါတယ်။ သူတို့အကြံဉာဏ်တွေ၊ အခက်အခဲတွေ နားထောင်တယ်။ တာဝန်နဲ့ အတူ ယုံကြည်မှုကိုသာအရင်ပေးပါတယ်။အဲဒီယုံကြည်မှုကို အသင်းသားတွေက ကွင်းထဲမှာ အပြည့်အဝ ပေးဆပ်မှုနဲ့ ပြန်လည်တုံ့ပြန်ခဲ့ ကြပါတယ်။

မက်ဆီနဲ့ သူ့ရဲ့ ဆက်ဆံရေးကလည်း အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

မက်ဆီလို ကမ္ဘာ့အကောင်းဆုံး ကစားသမားရှိနေခဲ့ပေမယ့်စကာလိုနီဟာ ‘မက်ဆီတစ်ယောက်တည်းက အသင်းကို အနိုင်ယူပေးလိမ့်မယ်’ ဆိုတဲ့ အတွေးမျိုးကို မထားခဲ့ပါဘူး။ သူ့အမြင်မှာ အောင်မြင်မှုဆိုတာ ကစားသမားတစ်ဦးရဲ့ အရည်အချင်းထက် အသင်းတစ်ခုလုံးရဲ့ စည်းလုံးမှု၊ ယုံကြည်မှုနဲ့ ပူးပေါင်း အားထုတ်မှုကနေ လာတာ ဖြစ်ပါတယ်။

“မက်ဆီကို ကူညီနိုင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ရမယ်” လို့ပဲ တွေးခဲ့တယ်။ ဒီအတွေးက ကြိုးစား အားထုတ်မှု တွေကို နိုင်ငံကိုယ်စားပြု အောင်မြင်မှု အထိပါ ပြောင်းလဲသွား စေခဲ့တာပါ။

သူဟာ ကစားသမားတစ်ယောက်ရဲ့ နာမည်နဲ့ အောင်မြင်မှုကို တန်ဖိုးထားသလို၊ အလားအလာရှိ ပါရမီရှင် လူငယ်တွေ ကိုလည်း ယုံကြည်မှုအပြည့်နဲ့ အခွင့်အရေးပေးပြီး မျိုးဆက်သစ်ကိုမွေးပါတယ်။ ဝါရင့်နဲ့ လူငယ်ကစားသမားတွေကြား အပေးအယူ မျှကြဘို့ကိုလည်း ချိတ်ဆက်ပါတယ်။ သူရဲ့ နည်းဗျူဟာတွေက လိုအပ်သလို အလွန်ပြောင်းလွယ် ပြင်လွယ် ရှိပြီး တစ်ပွဲနဲ့တစ်ပွဲ မတူသလို ပြိုင်ဘက်အလိုက်လည်း အစီအစဉ်တွေ ပြောင်းပြီး ကစားစေပါတယ်။

လိုအပ်ရင် ပြိုင်ဘက်ကို ဘောလုံးပိုကိုင်ခွင့်ပေးပြီး အခွင့်အရေး ရချိန်မှာ မြန်မြန်ဆန်ဆန်တန်ပြန်တိုက်စစ်နဲ့ အဆုံးသတ်တဲ ဗျူဟာကိုလည်း သုံးတတ်ပါတယ်။ လက်တွေ့ ဒီဗျူဟာတွေကို ယခု ကျင်းပနေတဲ့ ၂၀၂၆ကမ္ဘာ့ဖလားကွာတားနဲ့ ဆီမီးဖိုင်နယ် တွေမှာ မြင်နိုင်ပါတယ်။

စကာလိုနီရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ နောက်ဆုံးမိနစ် အထိ ကစားသမားတွေရဲ့ ယုံကြည်ချက်ကို မလျော့ကျစေဘဲ အသင်းစိတ်ဓာတ်ကိုထိန်းထားနိုင်ခဲ့ခြင်းပါပဲ။ဒါက တကယ်တော့ နည်းပြတိုင်း မလုပ်နိုင်တဲ့ အရာပါ။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ဆော်ဒီအာရေဗျကိုရှုံးနေတဲ့အချိန်ဟာ အာဂျင်တီးနား အတွက် အကြီးမားဆုံး စမ်းသပ်မှု ဖြစ်ခဲ့ပါတယ်။

လူတော်တော်များများ အထိတ်တလန့် ဖြစ်နေချိန်မှာ စကာလိုနီကအသင်းကိုမကြောက်ဖို့ပဲ ပြောခဲ့ပါတယ်။သူအပြစ်တင်တာမရှိဘူး။ ဒေါသထွက်တာမရှိဘူး။ခေါင်အေးအေးနဲ့ ဗျူဟာကို ပြင်ဆင်ခဲ့ပြီး နောက်ဆုံးမှာတော့ သူ့အသင်းဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

အဲဒီအခိုက်အတန့်က သူဟာ သာမာန်နည်းပြ တစ်ယောက် မဟုတ်ဘဲ ခေါင်းဆောင်ကောင်းတစ်ယောက် ဆိုတာကို အင်မတန် အရေးကြီးချိန်အခက်အခဲတွေကြားမှာအသင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို ထိန်းထားပေးရင်း ကမ္ဘာကို ပြခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးသမိုင်းကဂိုးသွင်းသူတွေ၊ ချန်ပီယံတွေကို အမြဲမှတ်မိနေမှာပါ။ ဒါပေမယ့် အသင်းတစ်သင်းရဲ့ယုံကြည်မှု၊ စိတ်ဓာတ်နဲ့ စည်းလုံးမှုကို နောက်ကွယ်က တည်ဆောက်ပေးခဲ့တဲ့ နည်းပြကောင်းတွေ ကိုလည်း သမိုင်းက မမေ့ပါဘူး။

လာ​တော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဟာ စကာလိုနီနဲ့ အာဂျင်တီးနားအတွက် နောက်ထပ်သမိုင်းတစ်မျက်နှာ ရေးသားနိုင်မယ့် အခိုက်အတန့် ဖြစ်လာ နိုင်မလားဆိုတာ ကမ္ဘာ့ဘောလုံးလောက စောင့်ကြည့် နေပါပြီ။တစ်ကယ်လိုစပိန်ကိုအနိုင်ရပြီး ဗိုလ်စွဲခဲ့ရင် အသက် ၄၈ နှစ်သားနည်းပြဟာ နှစ်​ပေါင်း ၆၀ ​ကျော်အတွင်းကမ္ဘာ​ပေါ်မှာဘယ်နိုင်ငံနည်းပြမှမလုပ်နိုင်​သေးတဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်ရ​​အောင်ပထမဆုံးနည်းပြ​ပေးသူဖြစ်လာမှာပါ။ စပိန်အသင်းနည်းပြ လူးဝစ်ဒယ်လာဖွန်​တေးဟာ UEFA လိုင်စင်နည်းပြသင်တန်းမှာ စကာလိုနီရဲ့ သင်တန်းဆရာဖြစ်ဖူးတာမို့ ယ​နေ့ည ဗိုလ်လုပွဲက ဆရာ၊တပည့်နည်းပြ ၂ ​ယောက်ရဲ့ ပညာပြိုင်ခန်းလည်းဖြစ်​နေပါတယ်။

ရလဒ်ဘယ်လိုပဲဖြစ်လာပါစေ အာဂျင်တီးနားရဲ့ ဘောလုံးသမိုင်း မှာတော့ လီယွန်နယ်မက်စီဟာမျိုးဆက်တစ်ခုရဲ့ အိပ်မက်တွေကို ကိုယ်စားပြုခဲ့တဲ့အလင်းရောင်ဖြစ်ခဲ့သလို၊ လိုင်ယွန်နယ် စကာလိုနီကတော့ အဲဒီအလင်းရောင်ကို ကမ္ဘာ့ဘောလုံးရဲ့အမြင့်ဆုံး စင်မြင့်ပေါ်အထိ ထွန်းလင်းနိုင်အောင် ပုံဖော်ပေးခဲ့တဲ့ ဗိသုကာတစ်ဦးအဖြစ် မှတ်တမ်းဝင်နေမှာ ဖြစ်ပါတယ်။ ။

ကိုးကား – Reuters Sports ၊ lanacion ၊Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အချိန်ပိုမှာ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး စပိန်က ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး သိမ်းပိုက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ရမယ့် ကမ္ဘာ့ချန်ပီယံ အသင်းသားတွေဟာ ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံ လက်စွပ်တွေကိုပါ ချီးမြှင့် ခံရမယ်လို့ သိရပါတယ်။

ဆောင်းပါး

တစ်ချိန်က ကလေးငယ်လေးတစ်ယောက်အဖြစ် မက်ဆီရဲ့ လက်ထဲမှာ ရှိခဲ့တဲ့ လာမင်း ယာမယ်လ် (Lamine Yamal) ဟာ အခုတော့ ဘာစီလိုနာမှာ မက်ဆီရဲ့ နောက်ဆက်ခံသူ တစ်ယောက်ဖြစ်လာ ခဲ့သလို၊ ကမ္ဘာ့ဘောလုံး လောကမှာပါ သူ့နေရာကို ဆက်ယူလာ နိုင်တဲ့သူ ဖြစ်လာ နေပါတယ်။

Facebook