Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပြင်းအထန် ဝေဖန်မှုတွေကြောင့် ကမ္ဘာ့ဖလား ရှယ်ယာတွေ ရောင်းမယ့် အစီအစဉ်ကို ဖီဖာ ရုပ်သိမ်း

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - EPA

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

ဒီကိစ္စကို စတင်ကြိုးကိုင် အကောင်အထည် ဖော်ခဲ့သူ ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ဇူလိုင် ၃၁ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး သူ့ရဲ့ အဆိုပြုချက်ကို ဆက်လက် အကောင်အထည် ဖော်တော့မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အဆိုပြုချက်နဲ့ ပတ်သက်လို့ တုံ့ပြန်မှုတွေကို ဂရုတစိုက် နားထောင်ခဲ့တဲ့အခါ ဒီပရောဂျက်က သွေးကွဲမှုတွေကို ဖြစ်ပေါ်စေခဲ့တာ တွေ့ရှိခဲ့ကြောင်း၊ ပရောဂျက်ရဲ့ ရည်ရွယ်ချက် အစစ်ကိုလည်း စိတ်ဝင်စားမှု နည်းပါးနေကြောင်း၊ ဖီဖာရဲ့ အမြဲတမ်း ခိုင်မာတဲ့ ရည်မှန်းချက်က စည်းလုံးမှုနဲ့ တိုးတက်မှုဖြစ်ကြောင်း၊ အခုအခြေအနေတွေကြောင့် အဆိုပြုချက်ကို လက်တွေ့ အကောင်အထည် ဖော်တဲ့အဆင့်ထိ ရှေ့ဆက်တော့မှာ မဟုတ်ကြောင်း အင်ဖန်တီနိုက ပြောပါတယ်။

သူ့ရဲ့ ကနဦး အစီအစဉ်ကတော့ ဖီဖာက ထိန်းချုပ်ခွင့် ရထားတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ၂၀ နဲ့ ၃၀ ရာခိုင်နှုန်းကြားလောက်ထိ များပြားတဲ့ ရှယ်ယာတွေကို Wall Street စတော့ရှယ်ယာ စျေးကွက်မှာ ရောင်းချသွားဖို့ ဖြစ်ပါတယ်။ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဖီဖာ အဖွဲ့ဝင် နိုင်ငံအသီးသီးရဲ့ ဘောလုံးအဖွဲ့ချုပ်တွေဆီ ခွဲဝေပေးမယ် ဆိုတာမျိုး အင်ဖန်တီနိုက ကမ်းလှမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ကုမ္ပဏီ အသစ်မှာ သူကိုယ်တိုင် အမှုဆောင်ချုပ် တာဝန်ယူဖို့ စီစဉ်ထားတာ၊ သူနဲ့ ရင်းနှီးတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆွေမျိုး ရင်းချာတွေက ဒီပရောဂျက်မှာ ရှုပ်ထွေး ဆက်နွှယ်နေတာတွေကြောင့် အကျိုးစီးပွားဆိုင်ရာ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချတယ် ဆိုတာက ဘောလုံး အားကစား အနှစ်သာရနဲ့ ကိုက်ညီမှု မရှိသလို ပြိုင်ပွဲအပေါ် ဘောလုံးနဲ့ မသက်ဆိုင်သူတွေက ခြယ်လှယ်စွက်ဖက်ပိုင်ခွင့်တွေ ရှိလာနိုင်ကြောင်း ထောက်ပြမှုတွေ ရှိလာပါတယ်။ ပိုပြီး ဆိုးရွားတာက ဒီပရောဂျက် တစ်ခုလုံးဟာ ဖီဖာရဲ့ အစီအစဉ် ဆိုတာထက် အင်ဖန်တီနိုရဲ့ ခြယ်လှယ်မှု တစ်ခုအဖြစ် ယူဆချင်စရာ ဖြစ်လာတာပါ။ ဖီဖာရဲ့ ထိပ်ဆုံးအဆင့် အမှုဆောင်တွေထဲမှာ ဒီပရောဂျက်အကြောင်း လုံးဝ ကြိုမသိဘဲ သတင်းတွေ ထွက်လာမှ တအံ့တဩ ဖြစ်နေသူတွေ ရှိခဲ့ကြပါတယ်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ အင်ဖန်တီနိုရဲ့ အစီအစဉ်ကို အပြင်းထန်ဆုံး ကန့်ကွက်ခဲ့တဲ့ အင်အားစုဖြစ်ပြီး ဆက်လက် အကောင်အထည်ဖော်ရင် ဖီဖာနဲ့ ကမ္ဘာ့ဖလားကို သပိတ်မှောက်ဖို့ထိ စီစဉ်ထားခဲ့ပါတယ်။ တခြားဘောလုံး အဖွဲ့ချုပ် အများအပြားကလည်း ဒီအစီအစဉ်ကို ဝေဖန်လာတဲ့နောက် ဖီဖာဟာ အဆိုကြမ်းကို မဲခွဲဆုံးဖြတ်ချက် ရယူတဲ့ အဆင့်ထိ ရှေ့မဆက်နိုင်တော့ဘဲ ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

အင်ဖန်တီနိုရဲ့ အစီအမံဟာ ဘောလုံးအားကစားရဲ့ စိတ်ဝိညာဉ်နဲ့ စီမံပိုင်ခွင့်တွေကို အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ သူ့ရဲ့ အဆိုပြုချက်ကို ရုပ်သိမ်းလိုက်တဲ့နောက် အင်ဖန်တီနိုက အခုအခါ သူဦးစားပေး လုပ်ဆောင်ရမှာက ဒီကိစ္စကြောင့် ကြုံတွေ့လာတဲ့ အငြင်းအခုံတွေအပြီး ကမ္ဘာ့ဘောလုံးလောကကို ပြန်လည် စုစည်းဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အခုတော့ ရှေ့ကိုပဲ ဆက်ချီတက်ရတော့မှာ ဖြစ်ကြောင်း၊ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သက်ဆိုင်တဲ့ အစုအဖွဲ့တွေအားလုံး လာမယ့် နေ့ရက်တွေ၊ သီတင်းပတ်တွေမှာ ဘောလုံး အားကစားနဲ့ ပတ်သက်လို့ တစ်စိတ်တစ်ဝှမ်းတည်း အတူရှိပြီး နေရာအနှံ့မှာ ဒီအားကစားနည်း ဆက်လက် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြဖို့ ဖြစ်ကြောင်း အင်ဖန်တီနိုက ဆိုပါတယ်။

လေ့လာသူတွေကတော့ အင်ဖန်တီနိုဟာ သူ့ရဲ့ အတတ်ဆန်းသလို ဖြစ်နေတဲ့ အစီအမံနဲ့ ပတ်သက်ရင် ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးက တက်ညီလက်ညီ ဆန့်ကျင်လို့ အထီးကျန် သင်းကွဲသလို ဖြစ်သွားခဲ့ကြောင်း သုံးသပ်ကြပါတယ်။

UEFAက ခါးခါးသီးသီး စတင်တုံ့ပြန်ခဲ့တဲ့နောက် မြောက်နဲ့ ဗဟိုအမေရိက၊ ကာရေဘီယန် ဘောလုံးအဖွဲ့ချုပ် (CONCACAF)၊ အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)တို့ကလည်း ဖီဖာရဲ့ အစီအစဉ်ကို ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားကို သပိတ်မှောက်မယ် ဆိုတာမျိုး အဆင့်ထိတော့ မတင်းမာခဲ့ကြပါဘူး။

ဇူလိုင် ၃၁ ရက်နေ့မှာတော့ ဒီကိစ္စကို ဆန့်ကျင်တဲ့ အနေနဲ့ အင်ဖန်တီနိုရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ကားလို့စ် ကော်ဒိုင်ရိုဟာ သူ့ရဲ့ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားကို ရှယ်ယာတွေ ဖဲ့ရောင်းမယ့် ဖီဖာရဲ့ အကြံအစည်ကို သူဘယ်လိုမှ လက်ပိုက် ကြည့်မနေနိုင်ကြောင်း၊ သူ့အနေနဲ့ ရှင်းရှင်း ပြောလိုတာက ဒီအကြံအစည်မှာ လုံးဝ မပတ်သက်ခဲ့သလို ခြွင်းချက်မရှိ ဆန့်ကျင်တယ် ဆိုတာဖြစ်ကြောင်း၊ ဖီဖာရဲ့ အကြံအစည်ဟာ ဘောလုံးအားကစားကို ရေရှည်မှာ ထိခိုက်သွားစေနိုင်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

အချိန်ပိုမှာ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး စပိန်က ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး သိမ်းပိုက်သွားခဲ့ပါတယ်။