Hi, what are you looking for?
အဖိုးကြီးက သေရွာပြန်ပါ…။ သေရွာကနေ အဖိုးကြီးပြန်လာတာ တကြိမ်လည်းမက နှစ်ကြိမ်လည်းမကပါဘူး။ အကြိမ်ပေါင်းများစွာ သေရွာက ပြန်လာနိုင်ခဲ့တဲ့အဖိုးကြီးပါ။ ဒီရက်ပိုင်းမှာ ကျနော်ဟာ အဖိုးကြီးကို ထူးထူးခြားခြား သတိရနေမိပါတယ်။ ဒီနေရာမှာ အဖိုးကြီးလို့ ဘာလို့ခေါ်ရသလဲဆိုရင် ကျနော်တို့တပ်ဖွဲ့ထဲကို သူရောက်လာခဲ့တာ လွန်ခဲ့တဲ့ (၂၀၂၂) အစောပိုင်းကာလကတည်းကဖြစ်ပါတယ်။ တပ်ဖွဲ့ကိုဝင်လာတဲ့အချိန်ကလည်းစောသလို တပ်ဖွဲ့ဝင်တွေထဲမှာ...