Connect with us

Hi, what are you looking for?

သတင်း

ဆည်တော်ကြီးကို စစ်ကောင်စီတပ်ပြန်သိမ်းပြီးရေမလွှတ်ပေးလို့ တောင်သူတွေအခက်ကြုံနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက မန္တလေး PDF ထိန်းချုပ်ထားတဲ့ ဆည်တော်ကြီးရေလှောင်တမံကို စစ်ကောင်စီတပ် က ပြန်သိမ်းပြီးနောက် လယ်တွေဆီ ရေလွှတ်မပေးတဲ့အတွက် တောင်သူတွေအခက်ကြုံနေရတယ်လို့ သိရပါတယ်။

ဆည်တော်ကြီးကို သိမ်းပြီးနောက်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့

နိုဝင်ဘာ – ၁၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက မန္တလေး PDF ထိန်းချုပ်ထားတဲ့ ဆည်တော်ကြီးရေလှောင်တမံကို စစ်ကောင်စီတပ် က ပြန်သိမ်းပြီးနောက် လယ်တွေဆီ ရေလွှတ်မပေးတဲ့အတွက် တောင်သူတွေအခက်ကြုံနေရတယ်လို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်းက လယ်မြေတွေဆီ ရေလွှတ် မပေးတာကြောင့် စိုက်ပျိုးထားတဲ့ နွေစပါးတွေ မအောင်မှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

“အထက်က (ဆည်တော်ကြီး) ရေမလွှတ်တော့ လယ်ထဲရေမရှိဘူး၊ လုံးဝခမ်းသွားပြီ”လို့ လယ်စိုက်တောင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခု စိုက်ပျိုးထားတဲ့ နွေစပါးကို လာမယ့် ဒီဇင်ဘာလမှာရိတ်သိမ်းရမှာဖြစ်ပြီး ဆည်မရရှိတဲ့အတွက် စပါးအထွက်နှုန်းမကောင်းမှာကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ဆည်တော်ကြီးကနေ ရေလွှတ်မပေးတာ တစ်ပတ်ကျော်ကြာပြီလို့ သိရပါတယ်။

မန္တလေး PDF ထိန်းချုပ်ထားတဲ့ ဆည်တော်ကြီးရေလှောင်တမံကို အခုလ နိုဝင်ဘာ ၇ ရက် မှာ ပြန်သိမ်းခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်းမှာဆည်တော်ကြီး၊ဆည်တော်လေးကနေတဆင့် ကျောက်မီးချောင်းမကြီးထဲကို ရောက်ရှိလာတဲ့ ဆည်ရေကိုမှီတည်ပြီး စိုက်ပျိုးရတဲ့ စပါးဧကပေါင်း ထောင်ချီရှိနေတာပါ။

“စျေးကောင်းရတဲ့ မဂျမ်းတောဆန်စိုက်ထားတာ ရေမရတော့ မအောင်ဖို့ များတယ်”လို့ လယ်ဧက ရှစ်ဧကရှိတဲ့ တောင်သူတစ်ဦးကပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲက သမ္မတော၊ ဂွေ့ကြီးကုန်း၊ တောတွင်၊ မြို့တော့၊ ကျောက်မီး၊ ငွေတောင်၊ တံတိုင်းရှည်၊ သုံအိမ်၊ လက်ကောင်းစတဲ့ကျေးရွာတွေ ဟာ ဆည်ရေကို အဓိကအားထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း မန္တလေး PDF ထိန်းချုပ်ထားတဲ့ ဆည်တော်ကြီးရေလှောင်တမံကနေ ရေလွှတ်ပေးပေမယ့် လယ်တွေဆီရောက်မယ့် ချောင်းအတွင်းက ရေပြွန်တွေကို စစ်ကောင်စီ က ပိတ်ထားတဲ့အတွက် စပါးစိုက်ပျိုးနိုင်တာ မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ