Connect with us

Hi, what are you looking for?

ဆောင်းပါး

တော်လှန်အနုပညာရှင်တွေကို ဖယ်ထုတ်ခဲ့လို့ အရှုံးပေါ်ခဲ့ရတဲ့ “ဖွားဖက်တော်”ရုပ်ရှင်

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။

(ဖွားဖက်တော်ရုပ်ရှင်ဇာတ်ကား ပရက်ရှိုးအား တွေ့ရစဥ်။ ဓာတ်ပုံံ-Nay Toe)

-ဝဇီရာ ရေးသည်

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။

ဒါရိုက်တာ စတီးလ်ရိုက်ကူးပြီး နေတိုး၊ ထွန်းထွန်း၊ ရွှေသမီးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အဲဒီရုပ်ရှင်ကဇာတ်ဝင်ခန်း​တွေဟာအချိတ်အဆက်မမိတာတွေကြောင့် ကြည့်ရှုသူတွေ နားမလည်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖြစ်စဥ်အမှန်က ဒီလိုပါ။

Public Service Announcement

Public Service Announcement

အဲဒီဇာတ်ကား ရိုက်ကူးစဥ်က အဓိက သရုပ်ဆောင်တွေထဲမှာ မင်းသမီး ပိုင်ဖြိုးသုနဲ့ ဝါရင့်သရုပ်ဆောင် ဦးဇင်ဝိုင်းတို့လည်း ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို တော်လှန်နေတဲ့အနုပညာရှင်တွေကို ရုံပေးမတင်တာကြောင့် တော်လှန်အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်ဖြိုးသုနဲ့ ဦးဇင်ဝိုင်းပါတဲ့အခန်းတွေပါသမျှ ဇာတ်ဝင်ခန်းတွေကို ဖြတ်ထုတ်လိုက်ရတာဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဧပြီလက ရုံတင်ခဲ့တဲ့ ဒါရိုက်တာစတီးလ်ရဲ့”အလျှံပယ်”ဆိုတဲ့ ရုပ်ရှင်မှာလည်း တော်လှန်အနုပညာရှင် ဦးဇင်ဝိုင်းရဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်ထုတ်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒါရိုက်တာ စတီးလ်ဟာ အာဏာသိမ်းကာလမတိုင်မီကသူရိုက်တဲ့ရုပ်ရှင်ကားအများစုမှာ ဦးဇင်ဝိုင်းကို ခေါ်ယူရိုက်ကူး​လေ့ရှိခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်​ပိုင်း သူ့ဇာတ်ကားတွေရုံတင်တဲ့အခါ ဦးဇင်ဝိုင်းပါတဲ့ကားဆိုရင်အခုလိုပဲဇာတ်ဝင်ခန်းတွေ ဖြတ်ထုတ်ပေးလိုက်ရမယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ ယခု ဖွားဖက်တော်ရုပ်ရှင်မှာတော့ ဦးဇင်ဝိုင်းကော ပိုင်ဖြိုးသုပါ အဓိက ကျတဲ့နေရာကနေ ပါဝင်ခဲ့ကြတာ​​ကြောင့် သူတို့ပါတဲ့အခန်းတွေ ဖြတ်ထုတ်လိုက်ရတာဟာ ရုပ်ရှင်ကို ပျက်စီးသွားစေပါတော့တယ်။

အာဏာသိမ်းစစ်တပ်ဟာရုပ်ရှင်ဇာတ်ဝင်ခန်းဖြတ်ထုတ်တာတွေအပြင် တော်လှန်အနုပညာရှင်တွေရဲ့ဇာတ်ကားအများအပြားလည်း ရုံတင်ခွင့်မပေးခဲ့ပါဘူး။ ဒါရိုက်တာသိုးဆောင်းရိုက်ကူးပြီး ကျော်သူပါဝင်သရုပ်ဆောင်ထားတဲ့ ခြေဆယ့်တစ်လှမ်းဆိုတဲ့ ရုပ်ရှင်ဆိုရင်လည်း ဆိုင်းဘုတ်တွေထောင်ပြီး၊ ရုံတင်ရက်ကျပြီး၊ ပရက်ရှိုးပြမယ့်နေ့ကျမှ ရုံတင်ခွင့်ပိတ်သိမ်းခံလိုက်ရပါတယ်။

အလားတူ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရိုက်ကူးပြီး ရုပ်သေးရုပ်ဆိုတဲ့ ရုပ်ရှင်ကိုလည်း ရုံတင်ခါနီးမှ ငွေထုတ်ရိုက်ကူးသူတွေထဲကတစ်ဦး ဖမ်းဆီးခံလိုက်ရတာကြောင့် ရုံတင်ခွင့် မပေးခဲ့ပါဘူး။ ဒါရိုက်တာ အောင်ချမ်းလူရဲ့ ကိုယ့်အတ္တနဲ့ကိုယ်ရုပ်ရှင်ဇာတ်ကားဆိုရင်လည်း သူထောင်ကျသွားတာကြောင့် မူလရပြီးသားရက်မှာ ရုံတင်ခွင့်မရတော့ဘဲ သူပြန်လွတ်လာမှသာ ရုံတင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အခြားတော်လှန်အနုပညာရှင်​တွေဖြစ်တဲ့ မင်းမော်ကွန်း၊ ကိုပေါက်၊ ဏကြီး၊ သည်ခေတ်နေ၊ ဒေါင်း၊ ခါရာ၊ ပိုင်ဖြိုးသု၊ ချစ်သုဝေ၊ မြနှင်းရည်လွင်၊ ထားထက်ထက်တို့ရဲ့ ဇာတ်ကားတွေ အနုပညာတွေလည်း ပြသခွင့်ပိတ်ထားတာ အများကြီး ရှိနေပါသေးတယ်။

သို့သော် တော်လှန်အနုပညာရှင်​တွေဟာ အနုပညာနဲ့ ဆက်လက်တော်လှန်နေကြသလို သူတို့အနုပညာတွေကိုလည်း နိုင်ငံတကာ ရုပ်ရှင်ကားတွေမှာ ခြေလှမ်းစတင်နေကြပြီဖြစ်ပါတယ်။

သရုပ်ဆောင်ဒေါင်းဆိုရင် သူပါဝင်ခဲ့တဲ့ Omukade ဆိုတဲ့ ထိုင်းရုပ်ရှင်ကို ရိုက်ကူးအောင်မြင်ခဲ့သလို ဒါရိုက်တာ ဏကြီးဆိုရင်လည်း What Happened to the Wolf? ရုပ်ရှင်နဲ့ နိုင်ငံတကာမှာ ပြသကာ အောင်မြင်ခဲ့ပါတယ်။ ဇဏ်ခီတို့ဇနီးမောင်နှံဆိုရင်လည်း နိုင်ငံတကာမှ ပြသဖို့နောက်ထပ် ရု​ပ်ရှင်တစ်ကား ပြင်ဆင်နေပါပြီ။ဒါရိုက်တာ သည်​ခေတ်နေရဲ့ RAY ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလည်း နိုင်ငံတကာမှာ စတင်ပြသပါတော့မယ်။

စစ်ကောင်စီက တော်လှန်အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို ကတ်ကြေးနဲ့ ဘယ်လိုပင် ဖြတ်တောက်ဆင်ဆာဖြတ်ပါစေ၊ သူတို့ရဲ့ အနုပညာအင်အားကိုတော့ ပိတ်ပင်ထားနိုင်ခြင်း မရှိပါဘူး။ လက်ရှိ ပြည်တွင်းရုပ်ရှင်ရုံတွေမှာ ပြသခွင့်မရသေးပေမဲ့ နိုင်ငံတကာရုပ်ရှင်ပိတ်ကားတွေထက်မှာတော့ မြန်မာ့တော်လှန်အနုပညာတွေက ရဲရဲဝံ့ဝံ့ ခြေဆန့်ပြသခွင့် ရရှိနေပြီ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သရော်စာ

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု... ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။