Connect with us

Hi, what are you looking for?

အတွေးအမြင်

ဗိုလ်ချုပ်ကို​ မြေမြှုပ်လို့ ရပါ့မလား

အာဏာသိမ်းစစ်တပ်ဟာ အနယ်နယ်အရပ်ရပ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အငြှိုးတကြီးနဲ့ လိုက်လံဖြိုဖျက်ဆီးနေပြန်ပါတယ်။ ရန်ကုန်က တောင်ဥက္ကလာပ၊ သာကေတ၊ ပဲခူးတိုင်းက ပဲခူးနဲ့ တောင်ငူ၊ ဧရာဝတီတိုင်းက ကျုံပျော်၊ စစ်ကိုင်းတိုင်းက ရေဦး၊ မကွေးတိုင်းက ရေစကြို စတဲ့ဒေသတွေက ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်လံဖြိုဖျက်နေတာပါ။ စစ်အုပ်စုဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖြိုချရုံတင်မကဘဲ မြေမြှုပ်ပစ်ဖို့ပါ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

-ထွန်းညိုဦး ရေးသည်။

အာဏာသိမ်းစစ်တပ်ဟာ အနယ်နယ်အရပ်ရပ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အငြှိုးတကြီးနဲ့ လိုက်လံဖြိုဖျက်ဆီးနေပြန်ပါတယ်။ ရန်ကုန်က တောင်ဥက္ကလာပ၊ သာကေတ၊ ပဲခူးတိုင်းက ပဲခူးနဲ့ တောင်ငူ၊ ဧရာဝတီတိုင်းက ကျုံပျော်၊ စစ်ကိုင်းတိုင်းက ရေဦး၊ မကွေးတိုင်းက ရေစကြို စတဲ့ဒေသတွေက ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်လံဖြိုဖျက်နေတာပါ။ စစ်အုပ်စုဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖြိုချရုံတင်မကဘဲ မြေမြှုပ်ပစ်ဖို့ပါ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ဗိုလ်ချုပ်ကို အခုမှ ရန်ရှာခဲ့တာတော့ မဟုတ်ပါဘူး။လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်က မြန်မာ့ငွေစက္ကူတိုင်းလိုလိုမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ဟာ ထင်ထင်ရှားရှား ပါရှိခဲ့ပါတယ်။

သို့သော် ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ (နဝတ/နယက) ခေတ်မှာတော့ငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်ပုံတွေကို တဖြည်းဖြည်းချင်း ဖြုတ်ထုတ်ပြီး ခြင်္သေ့ရုပ်တွေ၊ ဆင်ရုပ်တွေနဲ့ အစားထိုး ပစ်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖယ်ထုတ်ပစ်ချင်တဲ့သဘောပါ။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်ရုပ်တုတွေ လိုက်ဖြိုနေတော့ သတိရမိတာက စစ်အာဏာရှင် စတာလင်ပါ။ စတာလင်ဟာ သမိုင်းဖျောက်လိုသူ၊ လိမ်လိုသူတွေထဲ ထိပ်ဆုံးက ပါပါတယ်။ သူအာဏာရချိန် သမိုင်းကို စနစ်တကျ ပြန်လည်ပြင်ဆင်ပြီး သူနဲ့ မတည့်သူတွေကို လူလုံးရော၊ နာမည်ပါ ဖျောက်ဖျက်ပစ်ခဲ့တဲ့ နေရာမှာ ကမ္ဘာ့သမိုင်းမှာ အဆိုးဝါးဆုံးနဲ့ အထင်ရှားဆုံးပါပဲ။

ဒီနေ့ခေတ်လို Photoshop တွေ၊ Ai တွေ မပေါ်ခင်ကတည်းက စတာလင်ဟာ သမိုင်းအရ အရေးပါတဲ့ ဓါတ်ပုံတွေကို စနစ်တကျ ပြုပြင်ပြီး သမိုင်းဖျောက်ခဲ့သူပါ။စတာလင်ဟာ တချိန်က တော်လှန်ရေးမှာ လီနင်နဲ့အတူ အဓိကပါဝင်ခဲ့ကြသူတွေကို သမိုင်းမှတ်တမ်းဓာတ်ပုံတွေထဲကနေ သူတို့ပုံတွေကို ဆေးခြစ်တာ၊ ဖြတ်တောက်တာတွေ လုပ်ပြီး ပျောက်ကွယ်သွားအောင် လုပ်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ၁၉၁၇ အောက်တို

ဘာတော်လှန်ရေးမှာ သူကပဲ လီနင်နဲ့အတူ အဓိကဦးဆောင်ခဲ့သလိုမျိုး သမိုင်းစာအုပ်သစ်တွေကို ရေးခိုင်းခဲ့ပါတယ်။ သူ သုတ်သင်ပစ်လိုက်တဲ့ ခေါင်းဆောင်တွေရဲ့ အကြောင်းကို စွယ်စုံကျမ်းတွေ၊ ပြတိုက်တွေထဲကနေ လုံးဝပယ်ဖျက်ခိုင်းခဲ့ပါတယ်။ပြည်သူတွေဆီမှာရှိတဲ့ စာအုပ်ဟောင်းတွေထဲက အဲဒီလူတွေရဲ့ စာမျက်နှာတွေကို ကတ်ကြေးနဲ့ညှပ်ပြီး ပြန်အပ်ဖို့အထိ အမိန့်ထုတ် ဖိအားပေးခဲ့တဲ့သူပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာလည်း အဲဒီအတိုင်းပဲ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းကနေ ဖယ်ထုတ်ချင်နေတယ်။လူထုရင်ထဲကဗိုလ်ချုပ်သမီးကိုလည်း ဆွဲထုတ်သွားချင်တယ်။ဒါ့ကြောင့်ပဲ ဗိုလ်ချုပ်

ရုပ်တုတွေကို လိုက်ပြီး ရန်ရှာနေတာပါ။

​သမိုင်းတစ်လျှောက်လုံးမှာ အာဏာရှင်တွေ၊ အုပ်စိုးသူအသစ်တွေဟာ သူတို့ရဲ့ အာဏာ

တည်မြဲဖို့နဲ့ ပြည်သူတွေကို စိတ်ကြိုက်ပုံသွင်းဖို့အတွက် သမိုင်းဖျောက်တဲ့ နည်းလမ်းကို အမြဲအသုံးပြုလေ့ ရှိကြပါတယ်။

ပြည်သူတွေရဲ့ ရင်ထဲမှာ ဂုဏ်ယူစရာ အတိတ်သမိုင်း၊ အာဇာနည်ခေါင်းဆောင်တွေ ရှိနေရင် အာဏာရှင်ကို တော်လှန်ဖို့ အမြဲအင်အား ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အဲဒီအင်အားကို ဖြတ်တောက်ဖို့ သမိုင်းကို အရင်ဖျောက်ကြတာပါ။

သမိုင်းကိုဖျောက်ခဲ့တဲ့စတာလင်၊ သူသေတော့ သူ့အလောင်းကို ကွန်မြူနစ်ဖခင်ကြီး လီနင်ရဲ့ ဘေးမှာ ကပ်ပြီး မော်စကိုမြို့ ရင်ပြင်နီက ဂူဗိမာန်ကြီးထဲမှာ အထူးတလည် ထားရှိ ဂုဏ်ပြုခဲ့တာပါ။ ဒါပေမဲ့ စတာလင်ဝါဒ ပယ်

ဖျက်ရေး စတင်ချိန်မှာတော့ သူ့ရဲ့အလောင်းကို ဂူဗိမာန်ထဲကနေ အရှက်တကွဲ ပြန်ထုတ်

ခံခဲ့ရပါတယ်။

အလောင်းကို ကရင်မလင် တံတိုင်းအနီးမှာ သာမန်သင်္ချိုင်းတစ်ခုလို ပြန်မြှုပ်နှံလိုက်ပြီး၊ သူ့ရဲ့ အထိမ်းအမှတ် အဆောင်အယောင်တွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။ အင်မတန်မှ ရှက်စရာကောင်းလှပါတယ်။

သမိုင်းကို ကြည့်ရင် သမိုင်းဖျောက်သူတွေဟာ ရေတိုမှာ အောင်မြင်သလိုလို ရှိတတ်ပေမယ့် ရေရှည်မှာ ဘယ်တော့မှ မအောင်မြင်ခဲ့ပါဘူး။ ကြေးရုပ်တုတစ်ခုကို မြေမြှုပ်လို့ ရနိုင်ပေမယ့် သမိုင်းကိုတော့ မြေမြှုပ်လို့မရပါဘူး။ ပြည်သူတွေရဲ့ နှလုံးသားထဲက အသိ

တရားနဲ့ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်

ဆင့်ကမ်းသယ်ဆောင်လာတဲ့နှုတ်ပြောသ

မိုင်းတွေကိုတော့ ဘယ်လိုမှ မဖျက်ဆီးနိုင်ခဲ့ကြပါဘူး။

သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တဲ့ အာ

ဏာရှင်တွေအားလုံးဟာ လူထုရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံရတဲ့ သမိုင်းတရားခံတွေအဖြစ်ပဲ သ

မိုင်းစာမျက်နှာတွေပေါ်မှာ ကျန်ရစ်ခဲ့ရမြဲ ဖြစ်ပါတော့တယ်။ ။

(​ရေဦးမြို့နယ်မှာ ​ရွေး​ကောက်ခံအရပ်သားလက်ထက်မှာ ဗိုလ်ချုပ်​ကြေးရုပ်ထုစိုက်ထူဂုဏ်ပြုပွဲပြုလုပ်စဥ်။ဓါတ်ပုံ-အမ်တီ)

ဆက်စပ်သတင်းများ

သတင်း

၄ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ထံက သိမ်းရခဲ့တဲ့ လက်နက်တွေကို ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅)က ထုတ်ပြလိုက်ပါတယ်။

Photo Essay

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။