Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်အာဏာပိုင်က နိုင်ကျဉ်းတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာရိုက်နှက်

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

ဇူလိုင်-၈၊၂၀၂၆။သတိုး/People’s Spring

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

ဇူလိုင် ၅ ရက်က အင်းစိန်ထောင်တွင်းမှာ တရားဝင်ပြုလုပ်တဲ့ ဘောလုံးပွဲသွားကြည့်တဲ့ အကျဉ်းသားတွေကို အကျဉ်းထောင်ဝန်ထမ်း အောင်ကျော်ဆင့်က ခေါ်ယူမေးမြန်းပြီး အကျဉ်းသား ၃၀ လောက်ကို ရာဘာလက်ကိုင်တုတ်နဲ့ မျက်နှာ၊ ခေါင်းနဲ့ လည်ပင်းတွေကို ရိုက်နှက်ခဲ့တာလို့ PPNM ကသတင်းထုတ်ပြန်ထားပါတယ်။

ရိုက်နှက်ရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို အဓိကပစ်မှတ်ထားပြီး ရိုက်ခဲ့သလို မြေပြင်ပေါ်မှာမှောက်ခိုင်းကာခြေထောက်နဲ့လည်း တက်နင်းခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများသည် အဆောင်တွင်း စည်းကမ်းဖောက်ဖျက်မှု သို့မဟုတ် အခြားအပြစ်တစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိဘဲ အောင်ကျော်ဆင့် က နိုင်ငံရေးအကျဉ်းသားများအပေါ် ထားရှိသည့် အငြိုးအတေးကြောင့်သာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း PPNM မှ သိရှိရသည်။” လို့ ဖော်ပြထားပါတယ်။

အောင်ကျော်ဆင့်ရဲ့ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မျက်နှာ နဲ့ ခေါင်းမှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး အချို့အကျဉ်းသားတွေက အိပ်ရာကမထနိုင်အောင် ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ဒီရိုက်နှက်မှုအပေါ် PPNM အနေနဲ့ အပြင်းအထန်ရှုတ်ချကြောင်း နဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသာတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို အလေးထား ကာကွယ်ရပ်တည်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက် အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ဦး အုပ်စုဖွဲ့လုပ်ကြံတိုက်ခိုက်ခံရပြီးနောက် ဆေးကုသမှုမပေးဘဲ တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။