Connect with us

Hi, what are you looking for?

သတင်း

မြဝတီ​တောင်ဘက်တိုက်ပွဲ သုံးရက်အတွင်းစစ်တပ်က​သေဆုံး ဒဏ်ရာရ ၁၀၀ ခန့်ရှိဟုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(တိုက်ပွဲဖြစ်နေတဲ့ မြဝတီမြို့ တောင်ဘက်ခြမ်းနေရာတွေကို စစ်တပ်က ဗုံးကြဲနေစဉ်။ ဓာတ်ပုံ - CJ)

■တတိယ​မြောက်​နေ့မှာ စစ်​ကြောင်းမထိုးပဲ​လေ​ကြောင်းမှဗုံးကြဲ

■စစ်တပ်ပစ်ခတ်တဲ့ ၁၀၅ မမကျည် ထိုင်းဘုန်းကြီး​ကျောင်းထဲကျ

ဇူလိုင်-၁၀၊ ၂၀၂၆။ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” စစ်တပ်က ၄ရက်အတွင်း ထိခိုက်အကျအဆုံး ၁၀၀ လောက်ရှိမယ်။ ဒီနေ့က လေယာဉ်လာကြဲတယ် ၄ ခေါက်။ ဒီနေ့ ရှေ့မတိုးသေးဘူး။ ကျတာများလို့ ဆေးရုံမဆန့်လို့ နားတာနေမယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။စစ်တပ်က ဇူလိုင် ၉ ရက် ညမှာ​ရော ၊ဇူလိုင် ၁၀ ရက်​နေ့မှာပါ ​လေ​ကြောင်းက​နေဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဇူလိုင်၁၀ရက်နေ့လယ် ၁၁ နာရီခွဲ နဲ့ ၁၂ ကြားမှာ နယ်စပ်ကိုစစ်တပ်က တိုက်​လေယာဥ်နဲ့ ၄ ​ကြိမ် ဗုံးကြဲခဲ့ပြီးကြီးမားတဲ့​ပေါက်ကွဲသံကို ထိုင်းဘက်မှကြားရ​ကြောင်း​ဒေသခံတဦးက​ပြောပါတယ် ။ ဖလူး၊မင်းလက်ပံအပြင် ​ဝေါ​လေဘက်ကိုလည်းစစ်တပ်ကဗုံးကြဲ​ကြောင်းလည်းသိရပါတယ်။

စစ်တပ်က ဗုံးကြဲသလို ၊လက်နက်ကြီးနဲ့ပါပစ်ခတ်​နေတာ​ကြောင့် ထိုင်းစစ်တပ်ကနယ်စပ်မှာလုံခြုံ​ရေးတိုးမြှင့်ပြီး​စောင့်ကြည့်​နေပါတယ်။ဒါ့အပြင် ထိုင်းစစ်တပ်က ဇူလိုင် ၁၀ ရက်မှာမင်းလက်ပံစာသင်​ကျောင်း​နောက်ထိုင်းဘက်ခြမ်းမှာ ​​သောင်ရင်းမြစ်ကမ်း​ဘေးကစစ်​ဘေး​ရှောင်​တွေကို နေရာ​ရွှေ့​နေဖို့ စပီကာ​တွေနဲ့အသိ​​ပေး​ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

ဇူလိုင် ၇ရက် ညနေပိုင်းလောက်ကစတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသ တစ်​ကျော့ပြန်တိုက်ပွဲဟာ ဇူလိုင်၉ရက်အထိ သုံးရက်အတွင်း စစ်တပ်က သေဆုံးနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိခဲ့လို့ ဇူလိုင် ၁၀ရက်မှာ စစ်တပ် စစ်​ကြောင်း​တွေက ​စစ်​ကြောင်းထိုးတာရပ်နားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ စစ်တပ်က လက်နက်ကြီး​တွေနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကို​တော့ဆက်လုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ဒီနေ့က လေယာဉ် လေးခေါက်လာတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသကို လေးရက်နဲ့သိမ်းပိုက်မယ်ဆိုပြီးအင်အား ၂၀၀၀ ကျော်နဲ့ တက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစဖြစ်တဲ့နေ့မှာပဲ ​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာခဲ့တာဖြစ်ပါတယ်။

ဖလူးနဲ့ မင်းလက်ပံကျေးရွာကို သိမ်းရရင် အုပ်ချုပ်ခွင့်ပေးမယ်လို့ စစ်တပ်က မက်လုံးပေးပြီး တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်အဖွဲ့တွေကို စစ်ကူခေါ်ကာ ဇူလိုင် ၇ရက်မှာ တကျော့ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ DKBA ၊BGF ပူးပေါင်းအဖွဲ့ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့ အပြီးသိမ်းပိုက်ဖို့ ညွှန်ကြားချက်နဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တိုက်ပွဲစတင်ဖြစ်တဲ့ ဇူလိုင် ၇ရက် ညနေပိုင်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်တွေရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်က ၄ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင်တိုက်ပွဲ ၂ရက်မြောက်နေ့ ဇူလိုင် ၈ရက်တိုက်ပွဲတွေအတွင်းမှာလည်းစစ်တပ်က အများအပြားသေဆုံးခဲ့ရပြီးနောက် တပ်လန်သွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က ခေါ်တိုက်ခိုင်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့ဟာလည်း အလောင်းတွေ ပုံနေတယ်လို့ ကြားသိရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါအပြင် ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်တပည့် ဗိုလ်ချင်းလုံက ဦးစီးနေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဒဏ်ရာရသူတွေနဲ့ ရုပ်အလောင်းတွေကို ဖားအံမြို့နယ်က စစ်တပ်ရဲ့ တောင်ကလေးစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ စုံစမ်းသိရပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲကို စစ်တပ်ရဲ့အမှတ်(၂)စစ်ဗျူဟာမှူး၊တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေး က ဦးစီးကွပ်ကဲနေတာလို့ စုံစမ်းသိရပါတယ်။

တိုက်ပွဲမှာ အထိနာပြီးတဲ့​နောက် စစ်တပ်ဟာ KNU/KNLAကို ထိုင်းအစိုးရကဖိအားပေးဖို့အတွက်ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ကျအောင် တမင်းရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ​ပြောပါတယ်။

ဇူလိုင် ၁၀ ရက်မှာလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဟာ တာချ်ခရိုင် မဲဆောက်မြို့က ထိုင်းဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့လို့ ထိုင်းစစ်တပ်က ဖယ်ရှားခဲ့ရပါသေးတယ်။

” ဒီနေ့ ပုံတွေတက်နေတဲ့ ၁၀၅ မမ ကျည်ခွံတွေဟာ စစ်တပ်က ဟာတွေပဲလေ။ KNU က ၁၀၅ မမ မသုံးဘူး။ သူတို့(စစ်တပ်) ပစ်တဲ့ကျည်တွေ။ တမင်ရည်ရွက်ချက်နဲ့ ပစ်ထည့်နေတာ။ KNLAကို ထိုင်းက ဖိအားပေးအောင် မတင်ပစ်ထည့်နေတာ”လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းနေတယ်လို့ စုံစမ်းသိရပါတယ်။ဘယ်ရဲတပ်ရင်းကိုစစ်ကူခေါ်သုံးတယ်ဆိုတာကို​တော့စုံစမ်း​နေဆဲဖြစ်ပြီး မသိရသေးပါဘူး။

စစ်တပ်ဟာ ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်

တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

စစ်တပ်ကဖလူး၊မင်းလက်ပံ​ဒေသကိုထိန်းချုပ်ပြီး နယ်စပ်မှစစ်​ရေးအစအ​ရေးပါတဲ့ ​ဝေါ​လေဗျူဟာမကျ​အောင် စစ်ကူပို့နိုင်ဖို့လည်းကြိုးစား​နေတာပါ။​ဝေါ​လေဗျူဟာကိုKNLA ၊ PDF နဲ့ မဟာမိတ်တပ်​​တွေကလ​ပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်​နေတာ​ကြောင့်​လေ​ကြောင်းတစ်ခုတည်းကပဲ အစားအ​သောက်နဲ့ လက်နက်ရိက္ခာ​တွေကို​ပို့နိုင်​တော့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။