Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တောင်ဘက်မှာ တိုက်ပွဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့

နိုဝင်ဘာ-၁၅၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

အခု နိုဝင်ဘာ ၁၂ ရက်က ယင်းတိုက်ရွာအနီးမှာ စစ်ကြောင်းပျက်သွားတဲ့အထိ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကန့်ဘလူမြို့ပေါ်ကနေ အင်အား ၁၀၀ထက်မနည်းဖြည့်တင်းပြီး ကာဘိုးရွာဘက်ကို စစ်ကြောင်းထပ်ထိုးလာတာလို့ ဆိုပါတယ်။

“အခု ဖြစ်တာက ကာဘိုးရွာနဲ့ အောင်ချမ်းသာ အုပ်စုထဲမှာပဲ။သူတို့(စကစ)ဘက်က အရင်ကာဘိုးမှာရှိတဲ့အထိုင်နဲ့ မြို့ပေါ်ကထပ်ဖြည့်တဲ့အင်အားနဲ့ဆို အိုင်​ပေါင်းချောင်ရွာအနီးတစ်ဝိုက်ကို ၂၅၀လောက်သုံးထားတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဆက်ဖြစ်နေပြီး လုံခြုံရေးအရ နေရာအ ခြေအနေကို မပြောနိုင်သေးဘူးလို့ ကန့်ဘလူခရိုင် စစ်ရေးတာဝန်ရှိတစ်ဦးက အသိပေးပါတယ်။

“အခုတစ်ကြိမ်မှာလည်း ဒီကောင်တွေ တော်တော်ထိတယ်။အဲဒါကြောင့် မြို့ပေါ်က အင်အားတွေထပ်ဖြည့်နေရတာ”လို့ ကန့်ဘလူဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်စစ်​ကြောင်းကြောင့် ကန့်ဘလူ–ခင်ဦး–​ရေဦး–တန့်ဆည်မြို့နယ်အစပ်​နေရာ​တွေမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်အထူးသတိပြုဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းပါတယ်။

နိုဝင်ဘာ ၁၂ရက်က ကန့်ဘလူမြို့နယ် ကာဘိုးရွာကနေ ယင်းတိုက်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ အင်အား ၁၀၂ဦးပါစစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးသေဆုံးသူ ၅၀ခန့်ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ