Connect with us

Hi, what are you looking for?

သတင်း

‘ဝ’​ဒေသ မိုင်း​ပေါက်မြို့မှာ​ရေကြီး​

တရုတ်ဘက်က​ရေကာတာဖွင့်ချနိုင်လို့ ​ရွှေလီမြစ်ကမ်းတ​လျှောက်​ရေကြီးနိုင်တယ်လို့အရပ်ဘက်အဖွဲ့​အစည်းတွေသတိ​ပေး

(မိုင်း​ပေါက်မြို့မှာ ဇူလိုင် ၁၀ ရက်က​ရေကြီး​နေစဥ်။ဓါတ်ပုံ-​ဒေသခံ)

ဇူလိုင်-၁၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း၊’ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့ မှာ ရေဘေးကြုံတွေ့နေလို့ အရေး ပေါ်ကယ်ဆယ်ရေးတွေလုပ်ဆောင်နေရပြီး တရုတ်ဘက်ကရေကာတာ ဖွင့်ချနိုင်လို့ မြန်မာ- တရုတ်နယ်စပ်ရွှေလီမြစ်ဘေးနေရာတွေ ရေကြီးနိုင်တယ်လို့ အရပ်ဖက်အဖွဲ့စည်းတွေကသတိပေးထားပါတယ်။

မိုင်းပေါက်မြို့ မှာ မြို့ပေါ်ရပ်ကွက်တွေရော ကျေးရွာတွေမှာပါရေကြီးနစ်မြုပ်ပြီး ဒေသခံတွေရေ ဘေးကြုံနေတာဖြစ်ပါတယ်။

” မိုးကငါးရက်ဆက်တိုက်ရွာတာ။အရမ်းရွာတာ။တရုတ်ဘက်ကလည်းရေကြီးနေတာ။ အခု မိုင်းပေါက်လည်း ရေဘေးက ကြီးတယ်နော်။ မြို့ထဲရေပြည့်နေတာ”လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုင်းပေါက်မြို့မှာ၂၀၂၅ခုနှစ်ဇူလိုင်လကလည်း မိုးကြီးပြီးရေဘေးကြုံလို့ ရဲအရာရှိတစ်ဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ရေ ဘေးမှာလည်း ဝရဲတပ်ဖွဲ့ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဒေသခံတွေ ဘေးလွတ်ရာကို အရေးပေါ်ပို့ဆောင်နေရတယ်လို့ သတင်းရရှိပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းက မြို့နယ်အချို့မှာလည်း မိုးသည်းထန်စွာရွာသွန်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ဝဒေသနဲ့ဆက်စပ်နေတဲ့တန့်ယန်းမြို့၊ လားရှိုးမြို့ တွေမှာလည်း ပုံမှန်ထက်မိုးများနေတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်နဲ့ဆက်စပ်နေတဲ့တရုတ်နိုင်ငံဘက်မှာလည်း မိုးကြီးပြီးရေဘေးကြုံနေတဲ့အတွက် ရေကာတာတွေကိုဖောက်ချနေတာကြောင့် ရေဘေးအခြေအနေပိုဆိုးမှာကိုဒေသခံတွေကစိုးရိမ်နေပါတယ်။

မြန်မာ-တရုတ် နယ်စပ်နဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံဘက်မှ မြစ်လက်တက်‌တွေက ရေကာတာတွေကို လိုအပ်ရင်ဖောက်ချမယ်လို့ တရုတ်အစိုးရကကြေညာထားလို့ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ကမ်းဘေးနဲ့ နမ့်ခမ်းမြို့နယ်အတွင်း ရွှေလီမြစ်ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုကြဖို့ တအာင်းသဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ (TEWG) က ဒီနေ့ ဇူလိုင်လ၁၀ရက်နေ့မှာသတိပေးထားပါတယ်။လက်ရှိမှာ တရုတ်နိုင်ငံမှာလည်း ဆိုးရွားတဲ့ရေ ဘေးကြုံတွေ့နေပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး ရှမ်းပြည်နယ်နဲ့ဆကစပ်နေတဲ့ ထိုင်းနိုင်ငံမှာလည်း မိုးကြီးမယ့်သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်အတွင်းမှာလည်းလေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကထုတ်ပြန်ထားပါတယ်။ မနက်ဖြန်ဇူလိုင်လ(၁၂)ရက်ခန့်မှာလည်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်ဖြစ်နိုင်တယ်လို့သတိပေးထားပါတယ်။

လတ်တလောအခြေအနေအရ ရခိုင်ပြည်နယ်မှာရေဘေးအများဆုံးရင်ဆိုင်နေရပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ လူဦးရေတစ်သိန်းကျော်ရေ ဘေးရင်ဆိုင်နေရတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့စည်းတွေကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့မှာကလောချောင်းရေတက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေရှိလူနေအိမ်အချို့ရေဝင်နေသလို ကားလမ်းရေကျော်တာတွေလည်းဖြစ်နေတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဝမ်းတွင်းဆည်ရေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေ ရေကြီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုနဲ့ မိုးခေါင်မှုတွေ ကြုံတွေ့လာတဲ့အခါ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ရေးအတွက် ၂၄ နာရီ လည်ပတ်မယ့် ကွပ်ကဲရေး စင်တာတွေ ဖွင့်လှစ်ဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းက ညောင်ပင်ဝန်းမှာ ရေကြီးနေလို့ ခရီးသွားယာဥ်ငယ်တွေ ဖြတ်သန်းလို့ မရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။