မိသားစုတစ်စုတည်းမှပင် PDF အဖြစ်ညီအစ်ကိုလေးယောက်ကတာဝန်ထမ်းခဲ့သလို ၊ ဖခင်နဲ့ညီအငယ်ဆုံးကပါ PDF ထဲဝင်ချင်နေလို့ တာဝန်ရှိသူတွေကခွင့်မပြုနိုင်တော့တဲ့ မိသားစုတစ်စုနွေဦးတော်လှန်ရေးမှာပါဝင်နေပါတယ်။
တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ဖို့ ဩစတေးလျ နိုင်ငံကို ရောက်ရှိနေတဲ့ ဖြူဖြူကျော်သိန်းက New South Wales Parliament House မှာ မိန့်ခွန်းပြောခွင့်ရခဲ့ပြီး Unshaken Spirit Heart Award ကိုလက်ခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။