ဇူလိုင် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဇူလိုင် ၃၀ရက် မနက်အစောပိုင်းကနေ နေ့လည်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်မှာ ရေးသားခဲ့ရာ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တိုက်ပွဲဖြစ်တာ မှန်တယ်လို့ ပြောပါတယ်။
” စကစ လှုပ်ရှားလာလို့ နမ့်ဖားဘက် တိုက်ပွဲဖြစ်တာ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
နမ့်ဖားကျေးရွာဟာ ဗန်းမော်မြို့နဲ့ မိုင်အနည်းငယ်သာ ဝေးတဲ့ ရွာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာလို့ တိုက်ပွဲတွေဖြစ်နေတာပါ။
KIA ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ရာ ၁နှစ်ခွဲကျော်တဲ့အထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။
KIA သတင်းပြန်ကြားရေးဌာနရဲ့ ဇူလိုင် ၂၉ရက် သတင်းဖော်ပြချက်အရ စစ်တပ်ဟာ ရွှေကူမြို့ဘက်မှာလည်း စစ်ရေးလှုပ်ရှားလာလို့ KIA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို စစ်ကိုင်း-ကချင်အစပ် အင်းတော်ဒေသမှာလည်း စစ်တပ်ထိုးစစ်ကြောင့် တိုက်ပွဲတွေဖြစ်နေကြောင်း အသိပေးထားပါတယ်။


















































