Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူသိများတဲ့ထိုင်းခရီးသွားဘလော့ဂါရဲ့အလောင်းကိုဂျော်ဂျီယာဟိုတယ်တစ်ခုမှာရှာတွေ့

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Hlun Solo

ဇူလိုင် – ၃၀ ၊၂၀၂၆

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

Hlun Solo ဆိုတဲ့ နာမည်နဲ့ YouTubeမှာ လူသိများတဲ့ အသက် ၂၇ နှစ်အရွယ် ဘိုဝေါင်သတ် ပန်ဆွတ်ဟာ ဇူလိုင် လဆန်းပိုင်းတုန်းက ဂျော်ဂျီယာမြို့ဆီ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် သူဟာ မိသားစုနဲ့ ၂ ပတ်လောက် အဆက်အသွယ် ပြတ်တောက်နေခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၉ ရက်နေ့မှာတော့ ဂျော်ဂျီယာ ရဲတပ်ဖွဲ့က ဘိုဝေါင်သတ် သေဆုံးမှုကို အတည်ပြု ကြေညာခဲ့တာပါ။ သူ့အလောင်းကို တူဘလီဆီ မြို့တော်ရဲ့ ဟိုတယ်တစ်ခုမှာ ရှာတွေ့ခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ သေမှုသေခင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

ဘိုဝေါင်သတ်ဟာ Facebookပေါ်မှာ followerပေါင်း ၂.၅ သန်းရှိပြီး သူ့ရဲ့ YouTube channelကို subscribe လုပ်ထားသူလည်း ၉ သိန်းခွဲလောက် ရှိပါတယ်။

ဘိုဝေါင်သတ်ရဲ့ မိသားစုက သူနဲ့ နောက်ဆုံး အဆက်အသွယ် ရခဲ့တာဟာ ဇူလိုင် ၁၃ ရက်နေ့က ဖြစ်ကြောင်းနဲ့ သူဘယ်ရောက်နေတယ်ဆိုတာ သိရင် ဆက်သွယ် အသိပေးစေလိုကြောင်း ဇူလိုင် ၂၈ ရက်နေ့က မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီနောက်မှာ ခရီးသွားဘလော့ဂါ သေဆုံးမှု သတင်းကို ဂျော်ဂျီယာ ရဲတပ်ဖွဲ့က အတည်ပြုခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဘိုဝေါင်သတ် သေဆုံးမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဂျော်ဂျီယာ ပြည်ထဲရေး ဝန်ကြီးဌာနက အခုဖြစ်စဉ်ကို ရာဇဝတ်ပုဒ်မ ၁၁၅ နဲ့ အမှုဖွင့် စစ်ဆေးနေပြီး ဒါဟာ သေကြောင်းကြံစည်ဖို့ စေ့ဆော်မှုနဲ့ ဆက်နွှယ်ပါတယ်။ ထိုင်းသံရုံးရဲ့ အဆိုအရ ဟိုတယ်ခန်းထဲက ပစ္စည်းတွေ ပျောက်ဆုံးတာမျိုး၊ လုယက်ခံထားရတာမျိုး ဘာအထောက်အထားမှ မရှိဘူးလို့ သိရပါတယ်။ ရင်ခွဲစစ်ဆေးမှု ရလဒ် ထွက်ပေါ်လာမှသာ ဘိုဝေါင်သတ် သေဆုံးချိန်နဲ့ သေဆုံးတဲ့ အကြောင်းရင်းတွေကို တရားဝင် ထုတ်ပြန်နိုင်ဖွယ် ရှိနေပါတယ်။

ဘိုဝေါင်သတ်ဟာ ကာလာဆင်မှာ ဆင်းရဲတဲ့ မိသားစု တစ်ခုကနေ ကြီးပြင်းလာသူပါ။ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့နောက် သူ့ကို အဖွားက စောင့်ရှောက်ခဲ့ပါတယ်။ အထက်တန်း အောင်ပြီးတဲ့နောက် သူဟာ စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်နေပေမယ့် ပညာသင်ဆု စကောလားရှစ် ရခဲ့တာကြောင့် ချူလာလောင်ကွန်း တက္ကသိုလ် တက်ရောက်ပြီး နိုင်ငံရေး သိပ္ပံဘွဲ့ ရခဲ့ပါတယ်။

ဘွဲ့ရပြီးနောက်ပိုင်းမှာ သူဟာ ကျောပိုးအိတ် တစ်လုံးတည်းနဲ့ နေရာအနှံ့ လှည့်လည်သွားလာတဲ့ ခရီးသွား ဘလော့ဂါ အလုပ်ကို ပရော်ဖက်ရှင်နယ်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။