Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူတူစက်ရုပ် တင်သွင်းခွင့် ပိတ်ပင်တဲ့ အမေရိကန်ကို တရုတ် ဝေဖန်

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အမျိုးသား လုံခြုံရေး ကဏ္ဍကို လက်ခံနိုင်စရာ မရှိတဲ့ ရှုထောင့်မျိုးကနေ ခြိမ်းခြောက်လာနိုင်တာကြောင့် လူတူစက်ရုပ်တွေရော၊ ခြေလေးချောင်းထောက် ခွေးစက်ရုပ်တွေကိုပါ ပြည်ပကနေ တင်သွင်းခွင့်ကို ပိတ်ပင်ကြောင်း အမေရိကန်က အခုသီတင်းပတ် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ကို တင်သွင်းနေတဲ့ လူတူစက်ရုပ် အများစုဟာ တရုတ်မှာ ထုတ်လုပ်ထားတာပါ။ တရုတ် နည်းပညာ နယ်ပယ်မှာတော့ လူတူစက်ရုပ်တွေ ထုတ်လုပ်မှုဟာ သိသိသာသာ တိုးတက်လာတဲ့ ကဏ္ဍတစ်ခုအဖြစ် ရှိနေပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ဟာ ရည်ရွယ်ချက် ပေါင်းစုံအတွက် လူတူစက်ရုပ်တွေ ထုတ်လုပ်မှုကို အပြိုင်အဆိုင် တီထွင်နေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၈ ရက်မှာတော့ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC)က ပြည်ပကနေ လူတူစက်ရုပ်တွေ၊ ခွေးစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးအတွက် ပြည်ပကနေ နည်းပညာမြင့် စက်ရုပ်ပစ္စည်းတွေ တင်သွင်းမှုကို တားမြစ်လိုကြောင်း FCCက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဇူလိုင် ၂၉ ရက်နေ့မှာ FCCရဲ့ အဲဒီ ညွှန်ကြားချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ တရုတ် ကုမ္ပဏီတွေအပေါ် ဖိနှိပ်ဖို့အတွက် အမျိုးသား လုံခြုံရေးကို အမေရိကန်က အကြောင်းပြချက် ပေးနေတဲ့အပေါ် တရုတ်အနေနဲ့ အမြဲတမ်း ဆန့်ကျင် ကန့်ကွက်နေမှာဖြစ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်းက ပြောပါတယ်။

တရုတ် ကုမ္ပဏီတွေရဲ့ အခွင့်အရေးတွေနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တရုတ်ဟာ လိုအပ်တဲ့ တုံ့ပြန် စီမံမှုတွေကို လုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။ ပြည်ပယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးထားတဲ့ မူဝါဒဟာ အမေရိကန်ရဲ့ စျေးကွက် အားပြိုင်နိုင်စွမ်းကို မြင့်တက်လာစေမှာ မဟုတ်တဲ့အပြင် အမေရိကန် ကုမ္ပဏီတွေနဲ့ သုံးစွဲသူတွေကိုသာ ထိခိုက်စေလိမ့်မယ်လို့လည်း မော်က ဝေဖန်သွားပါတယ်။

တရုတ်မှာတော့ ပုံသဏ္ဍန်မျိုးစုံ၊ အရွယ်မျိုးစုံ၊ ရည်ရွယ်ချက်မျိုးစုံနဲ့ စက်ရုပ်တွေကို ဟိုတယ်တွေ၊ စျေးဝယ်စင်တာတွေ၊ စက်ရုံတွေမှာ အသုံးပြုမှုတွေ လျင်လျင်မြန်မြန် တိုးပွား ကျယ်ပြန့်လာနေပါတယ်။ FCCရဲ့ ပိတ်ဆို့စာရင်းမှာတော့ စက်ရုပ်တွေသာ မကဘဲ Huaweiနဲ့ China Telecomတို့က ထုတ်လုပ်တဲ့ ဒရုန်းတချို့လည်း ပါဝင်နေပါတယ်။

အမေရိကန်မှာတော့ လူတူစက်ရုံတွေကို အလုံပိတ်ထားတဲ့ သီးသန့်နေရာတွေ၊ ဥပမာ မော်တော်ကား စက်ရုံတွေနဲ့ ကုန်လှောင်ရုံတွေမှာသာ အဓိက အသုံးပြုနေဆဲ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။