Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယရဲ့ အာသံပြည်နယ်မှာ ရေကြီးလို့ သေဆုံးသူ ၈၀ နီးပါးရှိလာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့တုန်းက ဆီဗာဆာဂါနဲ့ ဂိုလာဂတ် ခရိုင်တွေထဲမှာ ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၂ ဦး ထပ်တိုးလာတာကြောင့် အခုနှစ် မိုးရာသီအတွင်း သေဆုံးစာရင်း ၇၈ ဦးထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

နှစ်လယ်လောက်မှာ မိုးရာသီ စတင်လာချိန် ကတည်းက အာသံပြည်နယ်ရဲ့ ခရိုင် ၇ ခုမှာ ရေလွှမ်းမိုးမှုတွေ ကြုံတွေ့နေတာပါ။ ရေကြီးတဲ့ဒဏ်ကို ကျေးရွာ ၅၅၀ ကျော် သက်ရောက် ခံစားခဲ့ရပြီး စိုက်ပျိုးမြေ ဟက်တာ ၂၁၅၀၀ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။

ချာရိုင်ဒီယို ခရိုင်ကတော့ အာသံပြည်နယ်ထဲမှာ ရေကြီးမှုဒဏ် အဆိုးဆုံး ဒေသအဖြစ် မှတ်တမ်းဝင်နေပြီး လူပေါင်း ၁.၄ သန်းနီးပါးလောက် ထိခိုက်ခံစားနေရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်နယ်ရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက အာသံရဲ့ ခရိုင်အသီးသီးမှာ ရေကြီးနေမှုတွေနဲ့ ပတ်သက်လို့ အချိန်နဲ့ တပြေးညီ စောင့်ကြည့်ပြီး သင့်တော်သလို ကိုင်တွယ်နေကြောင်း ကြေညာခဲ့ပါတယ်။

ရေကြီးမှုတွေကြောင့် အာသံမှာ အိမ်တွေ၊ ကျောင်းတွေနဲ့ တခြားအဆောက်အအုံတွေ ရေနစ်မြုပ်တာ၊ လမ်း တံတားနဲ့ တခြား အခြေခံ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေလည်း ကြုံတွေ့နေရပါတယ်။

ရေကြီးမှုတွေကြောင့် အခုနှစ်အတွင်း မွေးမြူရေး တိရစ္ဆာန် ကောင်ရေ ၁၁၀၀၀ ကျော် ရေစီးနဲ့ မျောပါ သေဆုံးခဲ့ပြီး နောက်ထပ် ၁၇၀၀၀ လောက်လည်း ထိခိုက်မှုတွေ ကြုံခဲ့ရပါတယ်။

အာသံက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေမှာတော့ အိန္ဒိယ စစ်တပ်ကလည်း ပူးပေါင်း ကူညီပေးနေတယ်လို့ သိရပါတယ်။ ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီရိုင်ဆက်သ်ဟာ ဇူလိုင် ၂၈ နဲ့ ၂၉ ရက်နေ့တွေတုန်းက အာသံပြည်နယ်ကို သွားရောက်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေမှာ စစ်သားတွေ ပါဝင်ကူညီနေတာကို စစ်ဆေးခဲ့ပါတယ်။

အိန္ဒိယ မိုးလေဝသ ဌာနကတော့ နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ အာသံ၊ အရူနာချယ် ပရာဒက်ရှ်နဲ့ နာဂါလန် ပြည်နယ်တွေမှာ အခု သီတင်းပတ်ကုန်ထိ မိုးကြီးပြီး မိုးသက်မုန်တိုင်း ကျရောက်နိုင်ခြေတွေလည်း ရှိနေကြောင်း သတိပေး ကြေညာထားပါတယ်။

ကိုးကား: India Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

နိုင်ငံတကာ

အငြင်းပွားစရာ အခြေအနေဆိုးတွေ ကြုံခဲ့တဲ့နောက် နိုင်ငံရဲ့ စာမေးပွဲ စနစ်တစ်ခုလုံးကို အကြီးစား သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အထူးအဖွဲ့ တစ်ခုကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တာဝန်ပေးလိုက်ပါတယ်။