သတင်း လောင်းလုံးတွင် စစ်ကောင်စီ၏ လက်ခတ်တောင် စခန်း တိုက်ခိုက်ခံရ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ယနေ့(မတ်လ ၁၄ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။ ludunwayooမတ် 13, 2025
သတင်း ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲရွာမီးလောင်လို့ တစ်ရွာလုံးအကူအညီတွေလိုအပ်နေ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာမတ်လ ၁၂ ရက်နေ့ကပေါ့ဆမီးကတဆင့် မီးလောင်လို့ အိမ်ခြေလေးရာနီးပါး ဆုံးရှုံးခဲ့ပြီး လူဦး ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ သက်ကြီးရွယ်ကိုတစ်ဦး သေဆုံးခဲ့ပါတယ်။ ludunwayooမတ် 13, 2025
သတင်း အထွေထွေထိုးစစ်ကြီး တနိုင်ငံလုံးအတိုင်းအတာ ဆင်နွှဲရန်ရှိဟု NUG ကာကွယ်ရေးဝန်ကြီး ပြော တနိုင်ငံလုံးအတိုင်းအတာဆင်နွှဲမည့် အထွေထွေ ထိုးစစ်ကြီးတရပ်ဆင်နွှဲကြရမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။ ludunwayooမတ် 13, 2025
သတင်း ချောက်မြို့နယ် ဂွေးပင်လေးရွာကို စစ်တပ် ဝင်စီးပြီး နေအိမ်တွေ မီးရှို့ကာ သိန်း ၄၀၀ကျော်ဖိုး ခိုးယူသွား မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ်က ဂွေးပင်လေးရွာကို ဝင်စီးပြီး နေအိမ်တွေကို မီးရှို့ကာ ကျပ်သိန်း ၄၀၀ကျော်ဖိုး ခိုးယူသွားကြောင်း ဒေသခံများက ပြောပါတယ်။ ludunwayooမတ် 13, 2025
သတင်း မုဒိမ်းမှုကို အားပေးသလိုပြောတဲ့ ဇာတ်လမ်းတွဲပြည်သူတွေပြင်းပြင်းထန်ထန်ဝေဖန် စစ်ကောင်စီလက်အောက်ခံ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Happy Hotel (ပျော်ရွှင်စရာဟိုတယ်)ဇာတ်လမ်းတွဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ပြောထားတဲ့ မုဒိမ်းမှုကို အားပေးတဲ့စကားကြောင့် ဝေဖန်မှုပြင်းပြင်းထန်ထန်ခံနေရပါတယ်။ ludunwayooမတ် 13, 2025