Connect with us

Hi, what are you looking for?

သတင်း

အထွေထွေထိုးစစ်ကြီး တနိုင်ငံလုံးအတိုင်းအတာ ဆင်နွှဲရန်ရှိဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

တနိုင်ငံလုံးအတိုင်းအတာဆင်နွှဲမည့် အထွေထွေ ထိုးစစ်ကြီးတရပ်ဆင်နွှဲကြရမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ PDF စစ်ရုံးချုပ် တာဝန်ရှိသူများ၊ မန္တလေး PDF တာဝန်ခံ ကိုမုန်တိုင်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Tay Zar San

“ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ငါတို့ယုံကြည်တယ်” – ဝန်ကြီး ဦးရည်မွန်

ဟန်နွေ/People’s Spring

တနိုင်ငံလုံးအတိုင်းအတာဆင်နွှဲမည့် အထွေထွေ ထိုးစစ်ကြီးတရပ်ဆင်နွှဲကြရမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

မတ်လ ၈ရက်က ကျင်းပသည့် တပ်မှူးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ ပေးပို့သော ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာတွင် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ သင်တန်းသို့ စစ်ကိုင်း၊ မန္တလေး၊ မကွေး တိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းသား ၁၁၅ဦး တက်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ ဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ရာပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်ရသည့် ရည်ရွယ်ချက် နှင့် စစ်အာဏာရှင်ခုခံတော်လှန်မှုကို အဆင့်လိုက် ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းပြသည်။

တော်လှန်ရေး အစောပိုင်းကာလ၌ တဖက်က တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံး အတိုင်းအတာနှင့် စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ကြရဟု ဝန်ကြီးက ပြောသည်။

ဒုတိယအဆင့်အနေဖြင့် ထုအင်အားစုစည်း၊ မဟာဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲသည့် အတွေ့အကြုံ ကို ရဲဘော်များ ရယူနိုင်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

” ဒါဆိုရင် တတိယအဆင့်က ဘာဖြစ်မလဲ၊ PDF ပကဖနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲ ကြဖို့ ဖြစ်လိမ့်မယ်။ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်။အဆုံးတနေ့မှာ ဆိုးယုတ်မှုမှန်သမျှ ကျဆုံးပြီး ကောင်မြတ်ခြင်းအမှန်တရားက အောင်ပွဲခံရမှာ ဖြစ်တယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီး၏ အထွေထွေထိုးစစ် ဆင်နွှဲမည့် ပြောကြားချက်နှင့်ပတ်သက်၍ NUG မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF စစ်ကြောင်းမှူး အချို့၏ သဘောထားမှတ်ချက်ရရှိရေး ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်ရာ၌ အဓိက ရည်ရွယ်ချက် နှစ်ရပ်မှာလက်နက်ကိုင် နွေဦးအင်အားစု အားလုံးကို အလံတော်တစ်ခုအောက်မှာ စုစည်းရင်း ပြည်သူ့တော်လှန်ရေး တစ်ရပ် ဆင်နွှဲရန် နှင့် စနစ်ပြောင်းရေး ဦးတည်သည့် တော်လှန်ရေး ဖြစ်သည့် အားလျော်စွာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် လျော်ညီသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်တဲ့ရာ၌ ရှေ့ပြေး အမြုတေ ဖြစ်စေရန် ဖြစ်ကြောင်း ဝန်ကြီးက ပြောပြပြီး ယင်းကို အမြဲ နှလုံးသွင်းထားရမည်ဟု တပ်မှူးများအား မှာကြားသည်။

“ဒီနေ့တော်လှန်ရေးအခြေအနေအရပ်ရပ်ကို ကြည့်ရင်တော်လှန်ရေးအောင်မြင်ဖို့ အတွက်ကော၊ တော်လှန်ရေးအောင်တဲ့အခါ ပြည်သူအများ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အောင်အောင်မြင်မြင် ထူထောင်နိုင်ဖို့ အတွက်ပါ PDFတပ်မတော်မှာ ကြီးလေးတဲ့ တာဝန် ရှိတယ်ဆိုတာ ရဲဘော်တို့လည်း နားလည် သဘောပေါက်ပြီး ဖြစ်လိမ့်မယ်”ဟုဝန်ကြီး ဦးရည်မွန်ကပြောကြားသည်။

ယခုကျင်းပသည့် တပ်မှူးသင်တန်း အပတ်စဉ်(၁) သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဦးဆောင်ကွပ်ကဲမည့် တပ်မှူးများကို မွေးထုတ်သည့် သင်တန်းဖြစ်၍ အရေးကြီးကြောင်းလည်း ရှင်းပြသည်။

သင်တန်း ဖြစ်မြောက်ရေးအတွက် ကူညီစီစဉ်ပေးခဲ့သည့်အမှတ်(၁)စစ်ဒေသမှူး နှင့် မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သင်တန်းဆရာ အရာရှိများကိုလည်း PDFစစ်ရုံးချုပ်အနေဖြင့် ကျေးဇူးမှတ်တမ်းတင်ရမည်ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

“PDF/ပကဖ ရဲဘော်တွေ CoC နှစ်ရပ်နဲ့ တိုက်စွမ်းရည် အားကောင်းတဲ့ ရဲဘော်တွေဖြစ်ရေးဟာ ငါတို့ စဉ်ဆက်မပြတ် ဖော်ဆောင်ရမယ့် လုပ်ငန်းတာဝန်ဖြစ်တယ်။ အခုဆိုရင် ရဲဘော်တို့ဟာ ဒီတာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်ကြပြီလို့ နားလည်တယ်။ တပ်မှူးတွေရဲ့ ဦးဆောင်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ တပ်ကိုကောင်းသထက် ကောင်း၊ မာသထက် မာအောင် တည် ဆောက်ကြရမှာ ဖြစ်တယ်”ဟုလည်း ဝန်ကြီးကဆက်ပြောသည်။

တပ်မှူးကောင်းမှ တပ်ကောင်းမည်ဆိုရိုးစကား ရှိ၍ တပ်မတော်တရပ် တည်ဆောက်ရာ၌တပ်မှူးများ၏ အခန်းကဏ္ဍ များစွာ အရေးကြီးကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ကျနော်တို့က ၂၀၂၁ D Day ကြေငြာပြီးကတည်းကထိုးစစ်လုပ်နေတာပါအခုအချိန်ထိ ၂၀၂၅ မှာဆို တော်လှန်ရေးတပ်တွေသိမ်းယူထားတာမြို့ပေါင်း၁၀၀နီးပါးနဲ့ တိုက်ပွဲဖြစ်နေဆဲမြို့ပေါင်း၆၀ ကျော်ရှိပြီပေါ့နော် ဆက်လက်ပြီးအာဏာရှင်ပြုတ်ကျသွားသည်အထိ စစ် ကောင်စီရှိတဲ့မြို့ရော/ရွာပါမကျန်ထိုးစစ်လုပ်သွားမယ့်လို့ကျနော်တို့တပ်တွေရောက်နေတဲ့နေရာကနေဆက်လုပ်သွားပါ့မယ်လို့ ပြောချင်ပါတယ်”ဟု PDF စစ်ဆင်ရေးနယ်မြေ (၁ )တောင်ပိုင်းစစ်ဒေသ ဗျူဟာ ၃၃ စစ်ဆင်ရေးမှုးရဲဘော်စောဒါးကိုက ဝန်ကြီး ဦးရည်မွန်၏ အ
ထွေထွေထိုးစစ် အသိပေးချက်အပေါ် သဘောထားပြောပြသည်။

ပဲခူးတိုင်း၊ ရေတာရှည်အခြေစိုက်တော်ဝင်လျှပ်စီးစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အီဗယ်က စစ်တပ်အာဏာသိမ်းမှု ၄နှစ်ကျော်ကာလသို့ရောက်ရှိနေပြီဖြစ်၍ စစ်အာဏာရှင် အမြစ်ပြုတ်ကျရှုံးအောင် တိုက်ခိုက်ရန်လိုအပ်လာပြီဖြစ်
ကြောင်း ပြောသည်။

“လေးနှစ်ပြည့်မြောက်လို့ ၅နှစ်တာ ပမာဏဖြစ်လာတဲ့ကျနော်တို့ကိုယ်တိုင်ရော၊ကျနော်တို့ကိုထောက်ပံ့ကူညီနေရတဲ့ ပြည်သူတွေရော မြန်မာတနိုင်ငံလုံးက ပြည်သူအယောက်စီတိုင်း အယောက်စီတိုင်း အရမ်းကိုပင်ပန်းခက်ခဲကြမ်းတမ်းလာပြီဖြစ်ပါတယ်။ ဒါကြောင့်မို့အချိန်ကြာလာတာနဲ့အမျှ ခက်ခဲပင်ပန်းလာကြတော့မှာ ဖြစ်တဲ့အတွက် တက်နိုင်ရင် တက်နိုင်သမျှ မြန်မြန်ဆန်ဆန် ထိုးစစ် တော်လှန်စစ်တွေကို စွမ်းစွမ်းတမံ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီးတော့အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်” ဟု ရဲဘော်အီဗယ်က ပြောသည်။

ဒုတိယအချက်မှာ စစ်ရေးနှင့်ပတ်သက်ပြီး ခြေသံလုံရန် လိုအပ်ကြောင်း ရဲဘော်အီဗယ်က ပုဂ္ဂိုလ်ရေးအမြင်ကို ပြောသည်။

“ဒီအခြေအနေမှာ တော်လှန်စစ်ကိုအရင်ကနဲ့မတူတဲ့ အဆုံးသတ်တိုက်ပွဲမျိုးတွေဆင်နွှဲဖို့ အထူးတလည်လိုအပ်နေပြီဆိုတာ ထွေထွေထူးထူးတောင် ပြောပြစရာလိုအပ်မှာမဟုတ်ပါဘူး။အားလုံးလည်းသိရှိပြီးသားဖြစ်ပါတယ်။ ဒီအနေအထားမှာ ထပ်လောင်းတိုက်တွန်းချင်တာက ကျနော်တို့ အစိုးရ NUG အကြီးအကဲပိုင်း ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲပိုင်းတွေအနေနဲ့ စစ်ရေးလုပ်ဆောင်ရမယ့် စစ်ဆင်ရေးကိစ္စရပ်တွေကို တက်နိုင်သမျှ သိုသိုသိပ်သိပ်လုပ်ဆောင်သင့်တယ်။”ဟု ရဲဘော်အီဗယ်က အကြံပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီရဲ့တက္ကသိုလ်ဝင်စာ​မေးပွဲ​တွေအပြီး​နောက်​နေ့မှာပဲ မန္တ​လေးမြို့​ပေါ်မှာ စစ်တပ်က လူငယ်​တွေကိုစစ်မှုထမ်းခေါ်ယူမှု တွေ အပူတပြင်းလုပ်လာတာဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသားတွေကို ​ခေါ်ယူဖို့ အဓိကပစ်မှတ်ထားလုပ်လာတာလို့ မြို့ခံ​တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းဖို့သတ်မှတ်အသက်အရွယ််အကြုံးဝင်တဲ့ လူငယ်အမျိုးသားတွေ လာမယ့်စစ်မှုထမ်းအပတ်စဉ် (၁၂)အတွက် ရပ်ကွက်ရုံးမှာ မဲနှိုက်ဖို့ အသံချဲ့စက်နဲ့ လိုက်လံသတိပေးတာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းရာမှာ မိသားစုဝင်တွေကိုပါ ကိုယ်စား မဲနှိုက်ခိုင်းတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ပြုလုပ်စေတယ်လို့ ရပ်ကွက်နေပြည်သူအချို့ထံကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်တွေ ဒီကနေ့ (မတ်လ ၁၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

Facebook