သတင်း ထားဝယ်မြစ်အတိုင်းစုန်ဆင်းလာသည့် စစ်ကောင်စီရေယာဥ် လက်နက်ကြီးထိမှန် မီးလောင် ထားဝယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မီးလောင်သွားကြောင်း ထားဝယ်တပ်ပေါင်းစုက ယနေ့(မတ်လ ၁၁ရက်) အသိပေး ထုတ်ပြန်သည်။ ludunwayooမတ် 12, 2025
သတင်း ကရင်နီပြည်၌ တိုက်ပွဲပြင်းထန်နေ၍ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း လက်နက်ကြီးကျည်ကျ တိုက်ပွဲများပြင်းထန်၍ ကရင်နီပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod Englishက ယနေ့(မတ်လ ၁၁ရက်) ဖော်ပြသည်။ ludunwayooမတ် 12, 2025
သတင်း သီပေါမှာ တောင်ယာသွားရောက်လုပ်ကိုင်သူ အမျိုးသား မိုင်းနင်းမိပြီး သေဆုံး ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ်ထဲက တုံစင့်ရွာမှာ တောင်ယာသွားရောက်လုပ်ကိုင်တဲ့အမျိုးသားတစ်ဦး မတ်လ ၈ ရက်က မိုင်းနင်းမိပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ သီပေါမြို့ခံ ကူညီရေးအဖွဲ့ ထံကသိရပါတယ်။ ludunwayooမတ် 12, 2025
သတင်း စစ်တွေနှင့် ကျောက်ဖြူတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး AA၏ မြေပြင်ထိုးစစ်ကြောင့် စစ်တွေမြို့မှ စစ်ကောင်စီတပ်စခန်းအချို့ဆုတ်ခွာနေကြောင်း ဒေသခံအချို့ကပြောသည်။ ludunwayooမတ် 12, 2025
သတင်း အမရပူရမှာ မှာ စစ်ကောင်စီရဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်အနီးကပိုးထည်တိုက် ဖောက်ထွင်းခံရ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအိမ်အနီးက ပိုးထည်တိုက် ဖောက်ထွင်းခံရပြီး ကျပ်သိန်းလေးရာဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ ludunwayooမတ် 12, 2025